Mobile Legends ထဲမှာဆိုရင် Chou ဟာဘယ်တော့မှ နေရာမပျောက်သွားတဲ့ Hero တွေထဲက တစ်ယောက်ပါ။ သူ့ကိုပြိုင်ပွဲတွေမှာရော High Rank တွေမှာပါ အကိုင်များကြတာကို ပရိသတ်ကြီးလဲ သိရှိမှာပါ။ သူရဲ့ Ulti ကလဲ တစ်ကောင်ဆို တစ်ကောင် ကန်လို့ကောင်းတာမို့ ပရိသတ်တော်တော်များများလဲ ကြိုက်နှစ်သက်ကြမှာပါ။ သူရဲ့ Skill 2ကလဲ တော်တော်လေးအသုံးတည့်ပါတယ်။ ဘယ်တော့မှသူခေတ်ပျောက်တယ်ဆိုတာ မရှိပါဘူး။ အောက်မှာတော့ Skill ရှင်းလင်းချက်အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။  

Skill 1 ကတော့ ၃ကြိမ်ဆက်တိုက် ရှေ့ကိုထိုးမှာဖြစ်ပြီး တစ်ချက်စီတိုင်းမှာ Damage ရှိကာ နောက်ဆုံးအချက်ကတော့ ရန်သူကို လေပေါ်မြောက်စေပြီး Skill 2 Cd ကိုလျှော့ချပေးပါတယ်။ Skill 2 ကတော့ သုံးလိုက်တဲ့အခါ အရှေ့ကိုပြေးသွားမှာဖြစ်ပြီး အဲ့ချိန်ခဏတာမှာ လာသမျှ Damage ဒါမှမဟုတ် Spell တွေအကုန်လုံးကို Immune ဖြစ်စေမှာဖြစ်ပါတယ်။ အဲ့အပြင်ရုပ်ပိုင်းဆိုင်ရာ ထိုးဖောက်ဝင်ရောက်မှုကလဲ ၁၅တိုးသွားမှာဖြစ်ပြီး Damage စုပ်နိုင်တဲ့ Shield အသေးတစ်ခု ၂စက္ကန့်ကြာ ပေါ်လာမှာဖြစ်ပါတယ်။ Ulti ကတော့ ရန်သူကိုနောက်ပြန်ကန်မှာဖြစ်ပြီး အဲ့ချိန်မှာ Damage တစ်ခါထိကာ နောက်တစ်ချက်ထပ်နှိပ်ရင် ထပ်ကန်ကာ Damage ထပ်ထိပါမယ်။  

Passive ကတော့ သူဟာ ၈ကိုက်လှမ်းပြီးတိုင်း မီးလက်သီးရမှာဖြစ်ပြီး ၂၀၀ရာခိုင်နှုန်း Basic Attack ရှိမှာပါ။ ထိုးလိုက်ရင် ရန်သူကိုလဲ ၈၀ရာခိုင်နှုန်းနှေးစေပါတယ်။ အဲ့တော့ Battle ဆိုင်ပြီးဆိုရင် ကိုယ်က ဟိုဘက်က ထိန်းရခတ်တဲ့ ရန်သူကို ရအောင် Ulti သုံးနိုင်ရပါမယ်။ ကိုယ့်တာဝန်က အဲ့လိုရန်သူဘက်က ကြမ်းတမ်းနေတဲ့ကောင်ကို အမြစ်ဖြုတ်ရမှာပါ။ Skill 1 ရော 2 ရောသုံးရင် အဲ့ရန်သူနားကပ်ကာ Ultiကို ကိုယ့်အသင့်ဘက်လှည့်ကန်ပါ။ အနည်းဆုံးတော့ရန်သူဘက်မှာ Damageပေးတဲ့သူတစ်ယောက်ပျောက်ပါတယ်။ Fighter လဲဖြစ်သလို Semi Tank လဲဖြစ်တာမို့ဆော့လို့ကောင်းပါတယ်။ 

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။