ပရိသတ်အားပေးမှုနဲ့ အနုပညာလမ်းကြောင်းထက်မှာ ယနေ့တိုင် ရပ်တည်အောင်မြင်နေဆဲဖြစ်တဲ့ သရုပ်ဆောင် စိုးမြတ်နန္ဒာကတော့ အကယ်ဒမီ ဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိထားတဲ့ မင်းသမီးတစ်ဦးပါ။ သူမဟာဆိုရင် အနုပညာလှုပ်ရှားမှုတွေကို ဆယ်စုနှစ်တစ်ခုကြာ ဆက်တိုက်လုပ်ကိုင်ခဲ့ပြီး ဗီဒီယိုခေတ်မှ စလို့ ယနေ့ ရုပ်ရှင်ဇာတ်ကားကြီးတွေတိုင်အောင် ပါဝင်ရိုက်ကူးနေတဲ့သူပဲ ဖြစ်ပါတယ်။

Photo credit - Nyi Nyi Maung's Fb Account
Photo credit - Nyi Nyi Maung's Fb Account

စိုးမြတ်နန္ဒာက သူရဲ့ ညီအစ်မတွေဖြစ်တဲ့ စိုးမြတ်သူဇာ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ကတော့ အနုပညာလောကမှာ ပရိသတ်တွေကိုယ်စီ အခိုင်အမာနဲ့ အောင်မြင်နေကြသူတွေပါပဲ..။ အနုပညာမျိုးရိုးရှိသူမို့ သရုပ်ဆောင်ရာမှာ ပီပြင်ကောင်းမွန်တဲ့ သူမကို ပရိသတ်တွေကလည်း တစ်ခဲနက်အားပေးနေကြတာပါ။ ယနေ့မှာဆိုရင်လည်း စိုးမြတ်နန္ဒာက ကျက်သရေရှိလှတဲ့ ပုံလေးတွေကို တင်ပေးလာပြန်ပါတယ်။.

Photo credit - Nyi Nyi Maung's Fb Account
Photo credit - Nyi Nyi Maung's Fb Account

ဒါကတော့ မိတ်ကပ်ဖန်တီးရှင် ညီညီမောင် စမ်းချောင်း သုသုရဲ့ ဖန်တီးခြယ်သမှုနဲ့အတူ လှရက်လွန်းနေတာဖြစ်ပြီး သုသုကလည်း လူမှုကွန်ယက်ထက်မှာ " သဘာဝ အတိုင်းလေးလိမ်းပေးဖြစ်တယ် မျက်တောင်လေး က အစစ်ကို ကော့ပေးထားတာ နန်းဆန်ပြီး ယဉ်ယဉ်လေး လှတဲ့ မဒါ အတွက် သု ရဲ့မိတ်ကပ်ဆံပင် ပြင်ဆင်မှု့ပါ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်.... ။

Photo credit - Nyi Nyi Maung's Fb Account
Photo credit - Nyi Nyi Maung's Fb Account

Source & Photo credit - Nyi Nyi Maung's Fb Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။