မင်းသမီးချောလေး နေခြည်ဦးကတော့ ပြီးပြည့်စုံတဲ့မိသားစုကမွေးဖွားလာပေမယ့် မာန်မာနမကြီးဘဲ ဖော်ဖော်ရွေရွေ ပေါင်းသင်းဆက်ဆံတတ်တဲ့သူဖြစ်ပါတယ်။နေခြည်ဦးက စာလည်းအရမ်းတော်တာကြောင့် နိုင်ငံခြားမှာလည်း ပညာတွေသင်ကြားလာခဲ့တာဖြစ်ပါတယ်နော်။နေခြည်ဦးက လူငယ်ပီပီ ပျော်ပျော်လည်းနေတတ်သလို သူမဘဝကိုလည်းပိုပြီးတိုးတက်လာအောင် လုပ်နိုင်စွမ်းရှိလို့ အရမ်းအားကျစရာကောင်းတဲ့သူဖြစ်ပါတယ်။

Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account

နေခြည်ဦးက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာ နှစ်အနည်းငယ်ပဲရှိသေးပေမယ့် အချိန်ပြည့်ကြိုးစားနေတာကြောင့် အောင်မြင်မှုရဲ့အသီးအပွင့်တွေကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။နေခြည်ဦးက ကိုယ်ပိုင်ကုမ္ပဏီလည်းတည်ထောင်ထားပြီး သူမရဲ့အဖွဲ့နဲ့အတူ တစ်နေ့တစ်မျိုးမရိုးရတဲ့ အစီအစဉ်တွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်နော်။နေခြည်ဦးက အနုပညာအလုပ်တွေကိုလည်း ကြိုးစားလုပ်ဆောင်နေတာကြောင့် ကြော်ငြာတွေလည်း အဆက်မပြတ်ရိုက်နေရတာဖြစ်ပါတယ်။

Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account

နေခြည်ဦးက သူငယ်ချင်းတွေနဲ့လည်း ပျော်ပျော်ရွှင်ရွှင်နေပြီး လူငယ်ဘဝကို အကောင်းဆုံးအမှတ်တရတွေနဲ့ဖြတ်သန်းနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း ချစ်ရတဲ့အစ်ကိုနဲ့အတူ ကားဝယ်ဖို့အတွက် Shoppingထွက်နေတာဖြစ်ပါတယ်နော်။နေခြည်ဦးတို့ကတော့ ကားကိုစိတ်ကြိုက်ရွေးနေကြပြီး အမှတ်တရဗီဒီယိုလေးရိုက်ထားတာဖြစ်လို့ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Nay Chi Oo's Facebook Account
Photo Credit:Nay Chi Oo's Facebook Account

Photo Credit:Nay Chi Oo's Facebook Account

Source&Video Credit:Nay Chi Oo's Instagram Mystory

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။