မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲမင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ထက်ထက်မိုးဦးကတော့ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ အရင်ကတည်းက အနုပညာလောကမှာ အောင်မြင်မှုသရဖူဆောင်းခဲ့တဲ့ ထက်ထက်မိုးဦးက ယနေ့အချိန်အထိတိုင်အောင် နာမည်ကျော်ကြားနေဆဲ ဖြစ်ပါတယ် ။ လက်ရှိမှာလည်း ထက်ထက်မိုးဦးက အနုပညာလောကမှာဆက်လက်ရပ်တည်ပြီး အောင်မြင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Htet Htet Moe Oo's FB Page
Photo Credit-Htet Htet Moe Oo's FB Page
Photo Credit-Htet Htet Moe Oo's FB Page

ဒီနေ့မှာတော့ ထက်ထက်မိုးဦးက သူမဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံလေးတွေကို ဖွင့်ဟပြောပြလာခဲ့တာ ဖြစ်ပါတယ် ။ ထက်ထက်မိုးဦးက "ထက် ငယ်ငယ်ကတည်းက အမေမရှိခဲ့သလို အဖေနဲ့လည်း တူတူမနေခဲ့ရဘူး။မိဘနဲ့လည်း မနေရ၊သူများတွေဆီ လိုက်နေခဲ့ရပါတယ်။မွေးရာပါနှလုံးရောဂါရှိပေမယ့် ငွေကြေးမတတ်နိုင်လို့ မကုနိုင်ခဲ့ဘူး။ ပညာအရမ်းတတ်ချင်ပေမယ့် ကျောင်းဆက်မတက်နိုင်ခဲ့ဘူး။ အသက်ဆယ့်ခြောက်နှစ်မှာ မင်းသမီးစလုပ်တဲ့အချိန် အကုန်လုံးကို စွန့်လွှတ်ခဲ့ရတယ်။ "

Photo Credit-Htet Htet Moe Oo's FB Page
Photo Credit-Htet Htet Moe Oo's FB Page
Photo Credit-Htet Htet Moe Oo's FB Page

"မွေးရပ်ဇာတိ၊ ဆွေမျိုးတွေကို စွန့်လွှတ်ပြီး ရန်ကုန်မှာ တစ်ယောက်တည်း လာနေခဲ့ရတယ်။ ဘဝဆိုတဲ့ စာလုံးနှစ်ခုကြားမှာ တော်တော်ခက်ခဲခဲ့ရပါတယ်။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ပဲရှိတဲ့အတွက် အားငယ်တာ၊ စိတ်ညစ်တာတွေ၊ အလိမ်ခံရတာတွေ အများကြီးကြုံခဲ့ရပါတယ်။ ကိုယ်ဟာကိုယ်ပဲ ရှိနေခဲ့တာမို့ အမြဲတမ်းလဲကျတိုင်း ချစ်ရသူတွေအားကပဲ ပြန်ထဖို့ကူညီပေးခဲ့တာတွေ အများကြီးပဲ။ " ဆိုပြီး သူမရဲ့Facebook Page မှာ ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Htet Htet Moe Oo's FB Page

Photo Credit-Htet Htet Moe Oo's FB Page
Photo Credit-Htet Htet Moe Oo's FB Page
Photo Credit-Htet Htet Moe Oo's FB Page
Photo Credit-Htet Htet Moe Oo's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။