ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော်အနုပညာရှင်ဆယ်လီစုံတွဲလေးကတော့ ရွှေနှစ်ရွှေလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ရွှေထူးနဲ့ရွှေမှုံရတီတို့ စုံတွဲလေးပါပဲ..။

လိုက်ဖက်ညီလွန်းလို့ မြင်သူတိုင်းက အားကျချစ်ခင်ကြတဲ့ သူတို့စုံတွဲလေးကတော့ ကြည်နူးစရာစုံတွဲပုံရိပ်လေးတွေအပြင် လှုပ်ရှားမှုလေးတွေကို ဝေမျှတတ်ပါသေးတယ်..။

Photo Credit - Shwe Mhone Yati's Fb Acc
Photo Credit - Shwe Mhone Yati's Fb Acc

ဇနီးမောင်နှံနှစ်ယောက်အတူ သီဆိုထားတဲ့သီချင်းကောင်းလေးတွေလည်း ထွက်ရှိထားပြီး ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုတွေကိုလည်း ရရှိထားကာ အနုပညာအလုပ်တွေကိုလည်း အတူတွဲဖက်လုပ်ဆောင်နေတာ တွေ့ရပါတယ်နော်..။

အခုတစ်ခါမှာလည်း အချစ်တော်လေးနှစ်ယောက်ဟာ ကြော်ငြာလေးတွေလည်း အတူရိုက်ကူးနေပြီး လိုက်ဖက်ပြီးချစ်စရာဟန်ပန်လေးတွေနဲ့ အချစ်ပိုစေပြန်ပါတယ်နော်..။

Photo Credit - Shwe Mhone Yati's Fb Acc
Photo Credit - Sai Kaung Htet's Fb Acc

နှစ်ယောက်အတူကြော်ငြာတွေရိုက်ကူးကာ ရိုက်ကွင်းပေါ်မှာတောင် ကြည်နူးစရာကောင်းလွန်းနေတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေ သဘောကျနေကြဦးမှာပါနော်..။

ရွှေနှစ်ရွှေရဲ့ ရိုက်ကွင်းပေါ်က ပုံရိုက်လေးတွေကိုတော့ အမိုက်စားပုံလန်းလန်းလေးတွေ ရိုက်ကူးတတ်တဲ့ Photography Sai Kaung Htet က ဝေမျှထားတာဖြစ်ပြီး အားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Sai Kaung Htet's Fb Acc
Photo Credit - Sai Kaung Htet's Fb Acc

Source & Photo Credit - Sai Kaung Htet's Fb Acc & Htoo Khant's Fb Acc& Shwe Mhone Yati's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။