Myanmar idol အဆိုပြိုင်ပွဲကြီးကနေ အောင်မြင်လာခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကိုသိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူကတော့ အဆိုတော် ဖြိုးမြတ်အောင်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေအနေနဲ့ ဂီတအလုပ်တွေအပြင် ကြော်ငြာတွေကိုပါ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ ဖြိုးမြတ်အောင်က စိတ်သဘောထားပြည့်ဝပြီး သူတစ်ပါးကိုလည်းအမြဲကူညီပေးတတ်တာကြောင့် အနုပညာမောင်နှမတွေကလည်း ချစ်ခင်နေရတာ ဖြစ်ပါတယ်။

Photo Credit - Phyo Myat Aung fb page
Photo Credit - Phyo Myat Aung fb page

ဒါ့အပြင် ဖြိုးမြတ်အောင်က ဘာသာတရားကိုလည်း ရိုသေကိုင်းရှိုင်းပြီး အလှူအတန်းတွေကိုလည်း တတ်နိုင်သလောက် လှူဒါန်းပေးတာ တွေ့ရပါတယ်။ သူ့ရဲ့ အလှူလေးတွေပြုလုပ်ရင်လည်း ပရိသတ်တွေ ထပ်တူသာဓုခေါ်နိုင်အောင် အမြဲဖော်ပြပေးပါတယ်။ ယခုမှာလည်း ဖြိုးမြတ်အောင်က ချစ်တဲ့ မိသားစုတွေနဲ့ စုပေါင်းပြီး တောင်ညိုလေးကျောင်းတိုက်ရဲ့ ကထိန်ရေစက်ချမင်္ဂလာအလှူလေးမှာ ကျပ်သိန်း(17,170,000)ကို လှူဒါန်းပေးခဲ့တာကို ဖော်ပြလာခဲ့ပါတယ်။

Photo Credit - Phyo Myat Aung fb page
Photo Credit - Phyo Myat Aung fb page

ဒီအလှူလေးနဲ့ ပတ်သက်ပြီး ဖြိုးမြတ်အောင်က "တောင်ညိုလေး ကထိန်အလှူ ရေစက်ချမင်္ဂလာ...ကျွန်တော်တို့ မိသားစုအပါအဝင် ခုနစ်ရက်သားသမီးမိသားစု၊ PMA_Family မိသားစုအားလုံး၏ စုပေါင်းလှူဒါန်းငွေ ကျပ်သိန်းပေါင်း - 17,170,000 ( တစ်ရာခုနှစ်ဆယ့်တစ်သိန်းခုနှစ်သောင်း) ကျပ်ကိုလှူဒါန်းနိုင်ခဲ့ပါပြီ....အားလုံးပဲ ကပ်ရောဂါများ၊ သဘာဝဘေးများမှကင်းဝေးကြပြီး မဂ်ဖိုလ် နိဗ္ဗာန် အထောက်ပံ့ရကြပါစေ " ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်တွေလည်း မွန်မြတ်တဲ့ အလှူလေးကို ပြုလုပ်ခဲ့တဲ့ ဖြိုးမြတ်အောင်တို့ကို ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦးနော် ။

Photo Credit - Phyo Myat Aung fb page

Photo Credit - Phyo Myat Aung fb page

Video Credit & Source - Phyo Myat Aung fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။