ပရိသတ်ကြီးတို့ရေ.. ဒိန်းဒေါင်ကတော့ အနုပညာလောငယကမှာ ဟာသလေးတွေနဲ့ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေတဲ့အပြင် ပရဟိတအလုပ်တွေနဲ့လည်း ပရိသတ်တွေကို လေးစားချစ်ခင်စေသူပါပဲ..။

အလှူရှင်တွေပေးအပ်လှူဒါန်းထားတာတွေကို လိုအပ်ပြီးချို့တဲ့ရှာတဲ့ ပြည်သူတွေကို တက်အားတရွေ့လှူဒါန်းနေတာတွေကိုလည်း ဆက်တိုက်ဆိုသလို မြင်တွေ့နေရတာလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Dain Daung's Fb Acc
Photo Credit - Dain Daung's Fb Acc

အလှူအတန်းတေံကို နေ့ရောညပါ မအားလပ်ရအောင် ပေးကမ်းလှူဒါန်းနေတဲ့ ဒိန်းဒေါင်ကတော့ ဒီကနေ့လေးမှာလည်း ကထိန်ခင်းအလှူလေး ပြုလုပ်ကုသိုလ်ယူခဲ့ပြန်ပါတယ်နော်..။

ကထိန်ခင်းကာအလှူကြီးပေးခဲ့ပြီး ကြည်နူးပီတိဖြစ်စရာအလှူက သာဓုခေါ်စရာကောင်းလွန်းတဲ့ ဒိန်းဒေါင်တို့ဇနီးမောင်နှံရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေ သဘောကျနေကြဦးမှာပါ..။

Photo Credit - Dain Daung's Fb Acc
Photo Credit - Dain Daung's Fb Acc

"ချွန်တွန်းအလှူရှင်များရဲ့ ကထိန်အလှူတော်.." ဆိုပြီး သူတို့ရဲ့ ကြည်နူးပီတိဖြစ်စရာ ကထိန်အလှူပုံရိပ်လေးတွေကို ဒိန်းဒေါင်က ဗီဒီယိုဖိုင်လေးနဲ့အတူ ပရိသတ်တွေကို ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေအားလုံးကလည်း သာဓုခေါ်စရာ ဒိန်းဒေါင်တို့ရဲ့ ကထိန်ခင်းအလှူလေးကိုကြည့်ရင်း ကြည်နူးမှုအပျော်လေးတွေ ကူးစက်နေကြမှာမို့ တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Dain Daung's Fb Acc
Photo Credit - Dain Daung's Fb Acc

Source & Photo Credit - Dain Daung's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။