သရုပ်ဆောင်၊ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ မင်းညီကတော့ ဇာတ်ကားတွေအများအပြားမှာလည်း ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်တဲ့သူဖြစ်လို့ ပရိသတ်တွေနဲ့မစိမ်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မင်းညီက လက်ရှိအချိန်မှာလည်း အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေသလို မိသားစုလေးကိုလည်း ဂရုစိုက်စောင့်ရှောက်ပေးနေတာပါနော်။ 

Photo credit - Min Nyi 's Facebook account
Photo credit - Min Nyi 's Facebook account

မင်းညီကိုလည်း ပရိသတ်တွေက ယနေ့ထိတိုင် အားပေးချစ်ခင်နေကြဆဲဖြစ်လို့ သူ့ရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်အားပေးကြပါတယ်။ ယနေ့မှာဆိုရင် မင်းညီက သူရဲ့ Covid စစ်ဆေးချက်အဖြေကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာထက်မှာ တင်ပေးလာခဲ့ပါတယ်။ ရောဂါလက္ခဏာမပြပဲ တစ်ခါတရံမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ Covid ရောဂါကို သွားရောက်စစ်ဆေးခဲ့ချိန်မှာတော့ အဖြေက Negative ပါ။

Photo credit - Min Nyi 's Facebook account
Photo credit - Min Nyi 's Facebook account

ဆေးစစ်ချက်ရဲ့ စာရွက်လေးတွေကို လူမှုကွန်ယက်ထက်မှာ တင်ပေးလာတဲ့အပြင် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းညီက " ၂ကြိမ်မြောက် N ပါ....စိတ်ပူပေးကြသော ချစ်သူများအားလုံးကို အထူးကျေးဇူးပါ ခင်ဗျာ " ဆိုပြီး ရေးသားထားပါသေးတယ်။ ချစ်ပရိသတ်တွေလည်း မင်းညီရဲ့ ဆေးစစ်ချက်တွေကို ကြည့်ရှုစေရန် အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်..... ။

Photo credit - Min Nyi 's Facebook account

Source & Photo credit - Min Nyi 's Facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။