ပရိသတ်ကြီးရေ အကယ်ဒမီမင်းသားကြီးတစ်လက်ဖြစ်တဲ့ လွင်မိုးကတော့ အနုပညာအလုပ်တွေကို တစ်ခေတ်တစ်ခါကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။လွင်မိုးက အခုချိန်မှာဆိုရင် အနုပညာအလုပ်တွေကို အနည်းအကျဉ်းသာလုပ်ဆောင်နေပြီး စီးပွားရေးကိုသာ တစိုက်မက်မက် လုပ်ကိုင်နေတာပါနော်။လွင်မိုးက သာယာအေးချမ်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ပျော်ရွှင်စွာနေထိုင်နေတာဖြစ်ပါတယ်။

Photo Credit:May Thu's Facebook Account
Photo Credit:May Thu's Facebook Account
Photo Credit:May Thu's Facebook Account

လွင်မိုးရဲ့မြေးချောလေး Liamလေးကလည်း အရမ်းချစ်ဖို့ကောင်းပြီး တစ်နေကုန်ကစားလွန်းလို့ ဘိုးဘိုး၊ဘွားဘွားတို့က မပျင်းရပါဘူးနော်။လွင်မိုးက သမီးနှစ်ယောက်လုံးကိုလည်း လိုလေသေးမရှိအောင် စောင့်ရှောက်ပေးပြီး အကြံဉာဏ်ကောင်းတွေပေးတတ်တဲ့ ဖခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။လွင်မိုးတို့ဇနီးမောင်နှံက အေးအတူပူအမျှနဲ့ လက်တွဲလာကြတာ နှစ်ပေါင်းမနည်းတော့တာဖြစ်လို့ ရတုအဆက်ဆက်တောင်ရှိနေပါပြီနော်။

Photo Credit:May Thu's Facebook Account
Photo Credit:May Thu's Facebook Account

လွင်မိုးရဲ့ ချစ်ဇနီးချောလေး မေသူကလည်း ငယ်ငယ်ကတည်းက အရမ်းလှခဲ့သလို အခုအရွယ်ထိလည်း နုပျိုနေဆဲဖြစ်ပါတယ်။မေသူက ဇနီးကောင်းလည်းပီသပြီး သမီးတွေအပေါ်မှာလည်း မိခင်မေတ္တာအပြည့်အဝပေးပြီးအုပ်ချုပ်တာဖြစ်ပါတယ်နော်။အခုဆိုရင်တော့ မေသူက ခရာပန်းလေး တစ်ပွင့်တည်းပန်းပြီး ကျက်သရေရှိရှိနဲ့ အရမ်းလှနေလို့ သူမရဲ့ပုံလေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:May Thu's Facebook Account
Photo Credit:May Thu's Facebook Account
Photo Credit:May Thu's Facebook Account

Source&Photo Credit:May Thu's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။