ဂီတလောကမှာ အောင်မြင်ကျော်ကြားလာခဲ့တဲ့ အဆိုတော်မလေး ဝိုင်းလေး ကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့တဲ့ သူပဲဖြစ်ပါတယ်။ ဝိုင်းလေးက ယခုဆိုရင် သူမချစ်တဲ့ ပရိသတ်တွေအတွက် ဝမ်းသာစရာ သတင်းကောင်းလေးတစ်ခုကိုပြောပြလာခဲ့ပါတယ်။ ဒီ သတင်းကောင်းလေးကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး

Photo Credit - Wyne Lay fb page
Photo Credit - Wyne Lay fb page

Entertainment တစ်ခုမှာ အနုပညာအလုပ်တွေ လုပ်ကိုင်ဖို့အတွက် ပူးပေါင်းပါဝင်လိုက်တာ ဖြစ်ပါတယ်။သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာတော့ ဝိုင်းလေးက "ဝိုင်းရဲ့ ပရိတ်သတ်တွေအတွက် အနုပညာလှုပ်ရှားမှုများ ပိုမို လုပ်ကိုင်နိုင်ရန် Korea မှ JDOUBLE ENTERTAINMENT နဲ့အတူတူ တေးသီချင်းထုတ်လုပ်မှုများနှင့် အခြားသော အနုပညာလုပ်ငန်းများစွာအတွက် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ် ရှင့်......

Photo Credit - Wyne Lay fb page
Photo Credit - Wyne Lay fb page

မျှော်လင့်မထားတဲ့ Covid အခြေနေကြောင့် အချိန်တစ်ခုထိစောင့်ဆိုင်းနေခြင်းဖြစ်ပြီး2021 မှ စတင်ကာ အခွင့်ရေးရနိုင်သမျှ ကြိုးစားတင်ဆက်သွားမှာဖြစ်လို့ ဆက်လက်စောင့်မျှော်ပေးကြပါနော် ....ဝိုင်းလေး အကောင်းဆုံး ကြိုးစားနေပါတယ်ရှင့်" ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ပရိသတ်ကြီးရေ မကြာခင် ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး Entertainmentမှာ တွေ့ရတော့မယ့် အဆိုတော်မလေး ဝိုင်းလေးကို အောင်မြင်မှုတွေ ရရှိအောင် ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦး။

Photo Credit - Wyne Lay fb page

Source - Wyne Lay fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။