ချစ်ပရိသတ်ကြီးရေ အနုပညာလောကရဲ့ အရည်ချင်းရှိတဲ့ မော်ဒယ်တွေကို မွေးထုတ်ပေးနေတဲ့ ဂျွန်လွင်ကို ချစ်ပရိသတ်ကြီးသိကြမယ်ထင်ပါတယ်။သူကတော့ အောင်မြင်နေတဲ့ မော်ဒယ်အေဂျင်စီကြီးကို တည်ထောင်ထားကာ အောင်မြင်နေသူလည်းဖြစ်ပါတယ်။အများက မော်ဒယ်ဖခင်ကြီးလို့ခေါ်ရလောက်အောင် အရည်အချင်းရှိတဲ့ မော်ဒယ်တွေ မွေးထုတ်ပေးခဲ့တာကြောင့်လည်းဖြစ်ပါတယ်။

Photo Credit : John Lwin Facebook Account
Photo Credit : John Lwin Facebook Account

အမြဲလိုလို သူရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေ ဗီဒီယိုလေးတွေကိုလည်း အမြဲဖော်ပြလေ့ရှိတာလည်းဖြစ်သလို ပျော်ပျော်နေတတ်တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ် ။ဒါ့အပြင် အလုပ်တွေ ကြိုးစားလုပ်ကိုင်သလို အလှူအတန်းတွေဆိုရင်လည်းရှေ့ကနေ ဦးဆောင်လုပ်ကိုင်တတ်တာကြောင့်အားလုံးက လေးစားချစ်ခင်အားကျနေရတာပါနော် ။

Photo Credit : John Lwin Facebook Account
Photo Credit : John Lwin Facebook Account

လတ်တလောမှာတော့ သူနဲ့အတူ ပြည်သူတွေပေါင်းပြီး လှူဒါန်းရန် ဝယ်ယူထားတဲ့ Covid 19 ရောဂါသက်သာစေတဲ့ ဆေးတွေ ဒီနေ့ရောက်ရှိမည်ဖြစ်ကြောင်းကို " ကျွန်တော့်တို့ပြည်သူနဲ့အတူတူလှူကြမယ်အဖွဲ့ကအလှူငွေလက်ကျန်254 သိန်းမှဝယ်ယူလှူတန်းမယ့်Covid 19 အဆုတ်ခဲသက်သာစေတဲ့ဆေးRemdesivir တလုံး 24 U$ ဖြစ်အလုံး790 သည်25 nov 2020 ဒီနေ့ရောက်ရှိပါမယ်လိုအပ်တဲ့နေရာများကိုလှူတန်းသွားပါမယ် ပါဝင်လှူတန်းခဲ့သောအလှူရှင်များအားလုံးသာဓုခေါ်နိင်ကြပါစေပြည်သူနဲ့အတူတူလှူကြမယ် အကြင်နာတရားထွန်းကားရေး johnlwindonation"ဆိုတဲ့စာလေးကို ဖော်ပြခဲ့ရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။

Photo Credit : John Lwin Facebook Account
Photo Credit : John Lwin Facebook Account

Source & Photo Credit : John Lwin Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။