ထပ်ဆင့်အကယ်ဒမီ မင်းသမီးချောကြီး ချိုပြုံးကတော့ နာမည်လေးနဲ့လိုက်အောင်အပြောအဆိုလေးကလည်း ချိုသာယဥ်ကျေးတဲ့ အနုပညာရှင်တစ်ယောက်ပါပဲနော်။ ပါးချိုင့်လေးနှစ်ဖက်နဲ့ အမြဲတမ်းပြုံးရွှင်လှပနေတတ်တဲ့ ချိုပြုံးက ပရိသတ်တွေရဲ့အားပေးမှုကို အခုချိန်အထိ ရရှိနေဆဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ချိုပြုံးက သူမရဲ့မြေးချောလေးဖြစ်တဲ့ ဝင်းခန့်မိုးကို အနုပညာအမွေတွေ လက်ဆင့်ကမ်းပြီးပေးထားတာလည်း ဖြစ်ပါတယ် ။

Photo Credit-Cho Pyone's FB Acc
Photo Credit-Win Khant Moe's FB Acc
Photo Credit-Win Khant Moe's FB Acc

ဝင်းခန့်မိုးကလည်း ဘွားဘွားချိုပြုံးရဲ့လမ်းညွှန်သင်ပြပေးမှုတွေနဲ့အတူ အနုပညာလောကမှာ စတင်အောင်မြင်နေပြီ ဖြစ်ပါတယ် ။ ဝင်းခန့်မိုးက Photo Shooting တွေရိုက်ကူးနေရသလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေရတာ ဖြစ်ပါတယ် ။ အခုတော့ ချိုပြုံးတို့မြေးအဘွားနှစ်ယောက်က အိမ်မှာနေရင်း အပျင်းပြေ Tik Tok ကစားခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Win Khant Moe's FB Acc
Photo Credit-Win Khant Moe's FB Acc
Photo Credit-Win Khant Moe's FB Acc

သန့်ရှင်းရေးလုပ်နေတဲ့ ချိုပြုံးက သူ့ရဲ့မြေးလေးဝင်းခန့်မိုးကို မှန်ထဲမှာရုတ်တရုက် တွေ့လိုက်လို့ မျက်လုံးပြူးပြီး လန့်သွားခဲ့ရတဲ့ပုံစံမျိုး Tik Tok ကစားခဲ့တာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ချိုပြုံးက သူ့မြေးလေးရဲ့အဝတ်တွေကိုဝတ်ပြီး ချစ်စရာကောင်းတဲ့အမူအရာလေး လုပ်ပြထားတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ချိုပြုံးတို့မြေးအဘွားနှစ်ယောက်ရဲ့ အမိုက်စား Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Win Khant Moe's FB Acc

Photo Credit-Win Khant Moe's FB Acc
Photo Credit-Win Khant Moe's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။