ပရိသတ်တွေရဲ့အချစ်တော်လေးဖြစ်တဲ့ ပိုပိုကတော့ ပရိသတ်တွေအကြိုက်တွေ့စေတဲ့ သီချင်းကောင်းလေးတွေထွက်ရှိထားပြီး ဂီတလောကမှာအချိန်တော်ကြာအောင်မြင်နေတဲ့ အဆိုတော်ပဲဖြစ်ပါတယ်နော်....။ သူမဟာ သီချင်းအေးအေးလေးတွေရော မြူးမြူးလေးတွေကိုပါ လိုက်ဖက်အောင်သီဆိုနိုင်တဲ့ အသံပိုင်ရှင်လေးဖြစ်ပြီး ပရိသတ်တွေသည်းသည်းလှုပ်ချစ်ခင်နေရတာလည်း ဖြစ်ပါတယ်။

Photo credit-Po Po's Tik tok acc
Photo credit-Po Po's Tik tok acc

သီချင်းကောင်းလေးတွေကို ပရိသတ်ရင်ထဲရောက်အောင်သီဆိုနိုင်တဲ့ အဆိုတော်မလေး ပိုပိုဟာဆိုရင် ကိုယ်တိုင်လည်း သီချင်းတွေရေးစပ်သီဆိုတာလည်းဖြစ်ပြီး music videoတိုင်းလိုလိုမှာလည်း သူမကိုယ်တိုင်ပါ၀င်သရုပ်ဆောင်လေ့ရှိတာလည်း တွေ့ရပါတယ်....။ ပိုပိုဟာ အနုပညာဘက်မှာထူးချွန်ရုံသာမက အလှူအတန်းနဲ့ ဘုရားတရားဘက်မှာလည်း အမြဲလိုလိုကုသိုလ်ယူ လှူဒါန်းလေ့ရှိတာလည်း ဖြစ်ပါတယ်နော်။

Photo credit-Po Po's Tik tok acc
Photo credit-Po Po's Tik tok acc

ပိုပိုဟာ သီချင်းသစ်တွေဆက်တိုက်ထွက်နိုင်အောင် ကြိုးစားနေတာလည်းဖြစ်ပြီး မကြာခင်အချိန်မှာလည်း 'ငိုမယ်' ဆိုတဲ့ သီချင်းတစ်ပုဒ်ထပ်မံထွက်ရှိလာတော့မှာလည်းဖြစ်ပါတယ်။ ဒီ သီချင်းလေးရိုက်ကူးနေတုန်းမှာ ရေချိုးကန်လေးထဲမှာ၀င်ရိုက်ရင်း ဆော့ကစားနေတဲ့ဗီဒီယိုလေးကို ပိုပိုဟာ သူမရဲ့ tik tok accလေးမှာတင်ပေးခဲ့ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Po Po's Tik tok acc
Photo credit-Po Po's Tik tok acc
@wutyimoe09

Shooting

Sundin Ang Puso - Remix - SB19

Source &video Credit-Po Po's Tik tok acc

Photo credit-Po Po's Tik tok acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။