ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ဆုအိမ့်စံကတော့ အနုပညာလောကထက်မှာ လူကြိုက်များ အောင်မြင်နေတဲ့ သူတစ်ယောက်ပါ။ သူမက MTV တွေမှာ စတင် သရုပ်ဆောင်ရင်း ဝင်ရောက်လာခဲ့တဲ့ သူလေးပါ။ ဆုဆုလို့ အများက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ ဆုအိမ့်စံကတော့ နောက်ပိုင်းမှာ ဗီဒီယို ဇာတ်ကားအတော်များများမှာ ပါဝင်သရုပ်ဆောင်တာကိုလည်း တွေ့ရပါတယ်။

Photo credit - Hsu Eaint San's Facebook Page
Photo credit - Hsu Eaint San's Facebook Page

သူမရဲ့ ကောက်ကြောင်းအလှက စွဲမက်ဖွယ်ကောင်းပြီး ညှို့အားပြင်းလွန်းတာကြောင့် ပုရိသပရိသတ်တွေရဲ့ တစ်ခဲနက်ဝန်းရံအားပေးမှုကိုလည်း ရရှိထားပါတယ်။ ဒါ့အပြင် ဖက်ရှင်တွေကိုလည်း လုံလုံခြုံခြုံနဲ့ လိုက်ဖက်ညီအောင် ဝတ်ဆင်တတ်သူဖြစ်လို့ မိန်းကလေးအချင်းချင်းကပါ အားကျချစ်ခင်နေတာလည်း ဖြစ်ပါတယ်။ ယနေ့မှာလည်း ဆုဆုက သူမရဲ့ လူမှုကွန်ယက်ထက်မှာ မြန်မာဝတ်စုံလေးနဲ့ ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo credit - Hsu Eaint San's Facebook Page

သူမရဲ့ ကောက်ကြောင်းအလှကို ပေါ်လွင်ပြီး ရိုးယဥ်စေတဲ့ ပါတိတ်ဝတ်စုံလေးနဲ့ အပြုံးချိုချိုပိုစ့်လေးတွေပေးပြီး ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်။ အကြည့်တွေကို ဖမ်းစားထားနိုင်တဲ့ သရုပ်ဆောင် ဆုအိမ်စံရဲ့ ပုံလေးတွေကို ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ ကဲ...ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်......။

Photo credit - Hsu Eaint San's Facebook Page
Photo credit - Hsu Eaint San's Facebook Page

Source & Photo credit - Hsu Eaint San's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။