ချစ်စရာဟန်ပန်အမူအရာလေးတွေနဲ့ ပရိတ်သတ်တွေရဲ့အချစ်ကို ဖမ်းစားထားနိုင်တဲ့မင်းသမီးချောလေးနေခြည်ဦးကိုတော့ ပရိတ်သတ်ကြီးသိကြမယ်ထင်ပါတယ်။ သူမဟာ beauty bloggerတစ်ယောက်အနေနဲ့ ပရိတ်သတ်တွေစတင်သတိထားမိလာခဲ့ပြီး အခုဆိုရင် social influencerတစ်ယောက်အနေနဲ့ရော မင်းသမီးတစ်ယောက်အနေနဲ့ပါ ရပ်တည်အောင်မြင်နေပြီဖြစ်ပါတယ်။

မကြာသေးမီကနေခြည်ဟာ သူမရဲ့ Facebook pageလေးမှာ "She Shines Jewelry နဲ့ နေခြည်တို့ရဲ့ ဒုတိယမြောက် အလှူအဖြစ် မနေ့ကဧရာဝတီ Covid 19 ကုသရေးစင်တာ လိုအပ်တဲ့နေရာတွေအတွက် အလှူငွေ သိန်း ၁၀၀ ၊ ဖောင်ကြီး Covid 19 ကုသရေးစင်တာ အတွက် ၁၂ သိန်းတန် Oxygen Concentrator (10L) ၉ လုံး နဲ့ ပုလဲမြို့သစ် လူနေအိမ်ထောင်စုဝင်တွေ အတွက် ဆန်၊ဆီ၊ကြက်ဥ၊ငါးသေတ္တာ စတဲ့အခြေခံစားသောက်ကုန် သိန်း(၃၀)ဖိုး စုစုပေါင်း (၂၃၈) သိန်းကို မနေ့ကသွားရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်။ အလုပ်မအားတဲ့ကြား ဧရာဝတီ ကိုဗစ် center ကော ဖောင်ကြီး Covid center ပါ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခဲ့တာတော့ တကယ့်ကို အမှတ်တရပါပဲ......။

photo credit-beaybynaychi's Facebook page
photo credit-beaybynaychi's Facebook page

"နေခြည်တို့ ပြုပြုသမျှကုသိုလ်ကောင်းမှုအတွက် သာဓုခေါ်ဆိုနိုင်ဖို့ လှူဒါန်းဖြစ်တဲ့ အမှတ်တရလေးတွေကို မျှဝေပေးလိုက်ပါတယ်။ နေခြည်တို့ရဲ့ အလှူလေးအောင်မြင်စွာ ပြီးမြောက်အောင် အဖက်ဖက်က ဝိုင်းဝန်းကြိုးစားပေးခဲ့တဲ့ နေခြည့် Team အပါအဝင် She Shines ရဲ့ customer အယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ အားလုံးပဲကျန်းမာပျော်ရွင်ကြပါစေရှင် ချစ်တဲ့ Your Social Media BFF နေခြည်......" ဆိုပြီးရေးသားကာ ၀မ်းမြောက်ဖွယ်အလှူဒါနလေးကိုမျှဝေပေးလာပါတယ်။ ကဲ.......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

photo credit-beaybynaychi's Facebook page
photo credit-beaybynaychi's Facebook page

Source& photo credit-beaybynaychi's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။