မင်းသမီးချောလေး ဖွေးဖွေးကတော့ နှစ်လိုဖွယ်ကောင်းတဲ့အပြုံးလှလှတွေနဲ့အတူ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ ဖွေးဖွေးက ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ မြောက်မြားစွာကို ရိုက်ကူးခဲ့ရပြီး အကယ်ဒမီဆုတွေကိုလည်း ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ် ။ ဖွေးဖွေးအနေနဲ့ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် နာမည်ရနေပြီဖြစ်ပြီး သူမရဲ့အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်တာ ဖြစ်ပါတယ် ။

Photo Credit-Mar Yin Yin's FB Acc
Photo Credit-Mar Yin Yin's FB Acc
Photo Credit-Mar Yin Yin's FB Acc

လတ်တလောမှာ ဖွေးစိန်လေးက ကြော်ငြာလေးတွေပြန်လည်ရိုက်ကူးနေပြီဖြစ်ပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် လုပ်ဆောင်နေတာ ဖြစ်ပါတယ် ။ မိသားစုကိုလည်း အချိန်ပေးတတ်တဲ့ ဖွေးစိန်လေးက Stay Home ကာလမှာအချိန်ကို အကျိုးရှိရှိအသုံးချနေတာပဲ ဖြစ်ပါတယ် ။ အခုလည်း ဖွေးစိန်လေးရဲ့သူငယ်ချင်းဖြစ်တဲ့ စာရေးဆရာမ မာရင်ရင်က ဖွေးရဲ့အိမ်ကိုအလည်သွားရင်း ပုံလေးတွေရိုက်ကာ တင်ထားတာ ဖြစ်ပါတယ် ။

Photo Credit-Mar Yin Yin's FB Acc
Photo Credit-Mar Yin Yin's FB Acc
Photo Credit-Mar Yin Yin's FB Acc

ဖွေးစိန်လေးကတော့ အိမ်ကိုလာလည်တဲ့သူငယ်ချင်းအတွက် အရသာရှိတဲ့အစားအသောက်တွေကို ကိုယ်တိုင်ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့် သူငယ်ချင်းမာရင်ရင်က "Me : အိမ်မှာရှိလား။ P : မနက်စာစားမလား နင်ဝက်သားမစားနော် ကြက်သားပြေးပြုတ်လိုက်ဦးမယ် အဲ့လို အဲ့လို " ဆိုပြီး ဖွေးစိန်နဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖွေးဖွေးနဲ့ သူမရဲ့ချစ်သူငယ်ချင်း စာရေးဆရာမလေးတို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Mar Yin Yin's FB Acc

Photo Credit-Mar Yin Yin's FB Acc
Photo Credit-Mar Yin Yin's FB Acc
Photo Credit-Mar Yin Yin's FB Acc
Photo Credit-Mar Yin Yin's FB Acc
Photo Credit-Mar Yin Yin's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။