ချစ်ပရိသတ်ကြီးရေ အဆိုပိုင်းမှာကော သရုပ်ဆောင်ဘက်မှာပါ အောင်မြင်မှုတွေရရှိနေသူကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော် စိုင်းစိုင်းခမ်းလှိုင်ပဲ ဖြစ်ပါတယ်။ ဆယ်စုနှစ်များစွာတိုင်အောင် ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေနဲ့ အတူ အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေက စောင့်မျှော်အားပေးနေကြတာပဲ ဖြစ်ပါတယ်။ 

Photo Credit : Sai Sai Kham Leng Facebook Page
Photo Credit : Sai Sai Kham Leng Facebook Page

စိုင်းစိုင်းဟာ အသက်(၄၀) ကျော်လို့ ထင်ရက်စရာမရှိလောက်အောင်ကို နုပျိုနေတာဟာလည်း ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုပါပဲနော်။ အနုပညာအလုပ်ပါမက ကိုယ်ပိုင်စီးပွားရေးမှာလည်း အောင်မြင်မှုတွေကိုရယူပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေကတော့ အမြဲကို လေးစားအားကျနေရတာလည်းဖြစ်ပါတယ် ။ 

Photo Credit : Sai Sai Kham Leng Facebook Page
Photo Credit : Sai Sai Kham Leng Facebook Page

လတ်တလောမှာတော့ အရင် မအောင်မြင်ခင်က ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရတဲ အကြောင်းလေးတွေကို စိတ်ဝင်စားဖွယ်ခုလို ဖော်ပြခဲ့ပါတယ် ။ "အချိန်ကာလအားဖြင့် ကျနော်တို့ အားလုံး အဆိုတော်ဖြစ်ဖို့ တစ်နှစ်အလိုမှာ တောင်ကြီးတန်ဆောင်တိုင်သွားကြတယ် ကျနော်ရယ် အနဂ္ဂရယ် Rဇာနည်ရယ် အောင်မြတ်ရယ် အနဂ္ဂအမေက ကျနော်တို့ကို ရထားလက်မှတ် ဝယ်ပေးလိုက်တယ် ရိုးရိုးတန်း ရထားပေါ်မှာ ဂေါ်ဖီထုပ်တွေအပြည့်နဲ့ ကျနော်တို့ တစ်ညလုံး ဂေါ်ဖီထုပ်တွေပေါ် အိပ်ရင်းလိုက်သွားတာ နောက်နေ့နေ့လည်မှ သာစည်ရောက်တယ် အဲလိုနဲ့ သာစည်ကနေ လိုင်းကားစီးပြီး တောင်ကြီးကိုရောက်ပေါ့ ရန်ချန်းရယ် သီဟကြီးရယ် ဟိန်းဇော်ရယ် (ဇေယျာသော် ပါသလား မမှတ်မိဘူး ) က Double Cap ကား အနောက်မှာ အမိုးမပါ အကာမပါနဲ့ လိုက်လာတယ် တောင်ကြီးမှာ ကျနော်တို့အိမ် ကားဂိုဒေါင်အပေါ်မှာ စုပြီး အိပ်ကြတယ် အုတ်ကန်ထဲကရေခပ်ချိုးရတာ ရန်ချန်းက ငါ့ခေါင်းပေါ် အပ်တွေလောင်းချသလိုပဲတဲ့အဲ့နှစ်က ကျောက်တိုင်ကွင်းမှာ Emperor တီးတာ အနဂ္ဂက ဦးညီထွဋ်သီချင်းမှာ Rap တစ်ပိုဒ်ဝင်ဆိုတာ ကျနော်လည်း ငေးမောအားကျ မီးပုံးပျံပွဲက စက်မှုကွင်းမှာလုပ်တာ နောက်ရက်ကျတော့ မသီရိဂျေမောင်မောင်က IC နဲ့ အဲ့မှာဆိုတယ် ကျနော်လည်း မသီရိနဲ့ Featuring ကပ်ဆိုရတယ် ပျော်လိုက်တာ နေ့လည်ဆို တောင်ကြီးတက္ကသိုလ်က သူငယ်ချင်းတွေနဲ့ Canteen မှာသွားထိုင် ညဆိုတစ်ညလုံး ပွဲခင်းထဲပတ် အနဂ္ဂက ပိုအေးအောင်လို့ ဆိုပြီး တီရှပ်နဲ့ လျှောက်သွားနေတာ တောင်ကြီးမှာ ဘယ်နှစ်ရက်နေခဲ့လည်း မမှတ်မိဘူး ၅ ရက်လား တစ်ပတ်လား ဒါပေမဲ့ ဒီခရီးစဉ်က တကယ့်ကို အမှတ်တရပဲ ရန်ကုန်အပြန်မှာ ဒေသထွက် ဟင်းသီးဟင်းရွက်တွေသယ်လာတာလည်း မှတ်မိတယ် ဒီနှစ် ACID နှစ် ၂၀ ပြည့်ပြီတဲ့ ဒါဆို ကျနော့် ချောကလက်ရောင်ရေခဲအိမ်မက်ထွက်တာလည်း နှစ် ၂၀ ပြည့်ပြီ Radio က အနှစ် ၂၀ တေးများ ဆိုတဲ့ အစီအစဉ်မှာ ပါလို့ရသွားပြီ ဒီစာလေးက နှစ် ၂၀ ပြည့် Acid Rဇာနည် ကျနော်နဲ့ တောင်ကြီး အမှတ်တရပေါ့ဗျာ(ဓာတ်ပုံ - တစ်ပုံမှ မရှိ )" ဆိုပြီးစိတ်ဝင်စားဖွယ်ရေးထားရာ ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ် ။

Photo Credit : Sai Sai Kham Leng Facebook Page
Photo Credit : Sai Sai Kham Leng Facebook Page

Source & Photo Credit : Sai Sai Kham Leng Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။