မင်းသမီးချောလေးမိုးယုစံကတော့ အိမ်ထောင်ကျသွားပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ဘဲ မိသားစုကိုသာအချိန်ပေးပြီး ဂရုစိုက်ပေးတာဖြစ်ပါတယ်။မိုးယုစံက သားလေးတစ်ယောက်ကိုမွေးဖွားထားပြီး ဒုတိယကိုယ်ဝန်ကလည်း သား‌ယောက်ျားလေးပဲဖြစ်လို့ သူမအတွက် အားအင်တွေရတော့မှာပါနော်။မိုးယုက ကလေးမွေးဖွားပြီးတာတောင် လှပနုပျိုနေဆဲဖြစ်လို့ အပျိုတွေရှုံးအောင်လှပနေတာဖြစ်ပါတယ်။

Photo Credit:Moe Yu San's Facebook Acc/MY DREAM
Photo Credit:Moe Yu San's Facebook Acc
Photo Credit:Moe Yu San's Facebook Acc

မိုးယုက အိမ်ထောင်ကျတာလည်းအရမ်းကံကောင်းတာကြောင့် အမြဲပျော်ရွှင်နေရတာဖြစ်ပါတယ်။မိုးယုရဲ့ခင်ပွန်းကလည်း အေးအေးဆေးဆေးနေတတ်ပြီး မိန်းမကိုအရမ်းချစ်တဲ့သူဖြစ်ပါတယ်နော်။မိုးယုစံက သားကြီးလေးကိုလည်း အနီးကပ်ပြုစုစောင့်ရှောက်ပေးပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ကြီးပြင်းလာအောင် ဖန်တီးပေးနေတာဖြစ်ပါတယ်။မိုးယုတို့မိသားစုလေးကတော့ နွေးနွေးထွေးထွေးရှိကြလို့ အားကျစရာမိသားစုလေးပဲဖြစ်ပါတယ်နော်။

Photo Credit:Moe Yu San's Facebook Acc
Photo Credit:Moe Yu San's Facebook Acc
Photo Credit:Moe Yu San's Facebook Acc
Photo Credit:Moe Yu San's Facebook Acc

မိုးယုစံရဲ့ဒုတိယကိုယ်ဝန်ကလည်း (၂၄)ပတ်ထဲကို ရောက်ရှိလာပြီဖြစ်လို့ မကြာခင်မှာမွေးဖွားတော့မှာဖြစ်ပါတယ်။မိုးယုကလည်း ကိုယ်ဝန်ရင့်လာ‌လေ သားလေးရဲ့မျက်နှာကိုလည်းတွေ့ရတော့မှာဖြစ်လို့ အရမ်းပျော်ရွှင်နေတာဖြစ်ပါတယ်။မိုးယုကတော့ တစ်သားမွေးတစ်သွေးလှဆိုသလို ကိုယ်ဝန်လွယ်ထားရတာတောင် နုပျိုပြီးအလှတွေပိုပိုတိုးလာလို့ သူမရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Moe Yu San's Facebook Acc
Photo Credit:Moe Yu San's Facebook Acc
Photo Credit:Moe Yu San's Facebook Acc

Source&Photo Credit:Moe Yu San's Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။