ပရိသတ်ကြီးရေ.....ကလေးသရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့ပြီး ပရိတ်သတ်အားပေးချစ်ခင်မှု ရရှိခဲ့တဲ့ ယွန်းယွန်းကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာငယ်စဉ်ကတည်းက ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်အချစ်တွေရရှိထားတဲ့အနုပညာရှင်လေးဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကြီးကိုပါ ရရှိထားတာပါ။

Photo credit-Yoon Yoon's Facebook acc
Photo credit-Yoon Yoon's Facebook acc

ယွန်းယွန်းဟာပြုံးလိုက်တိုင်း ဆွဲဆောင်မှုရှိတဲ့ ပါးချိုင့်လေးနဲ့လည်း ဖမ်းစားတတ်သလို ချစ်စရာဟန်ပန်လေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေသူလေးဖြစ်ပါတယ်။ သူမဟာ ပညာရေးဘက်ကိုဦးစားပေးပြီးအနုပညာလှုပ်ရှားမှုတွေနည်းသွားခဲ့ပေမယ့် အခုအခါမှာတော့ အနုပညာလှုပ်ရှားမှုတွေကိုသေချာကြိုးစားလုပ်ကိုင်လာနေပြီဖြစ်ပါတယ်......။

Photo credit-Yoon Yoon's Facebook acc
Photo credit-Yoon Yoon's Facebook acc

ယွန်းယွန်းဟာ ပရိသတ်တွေအလွမ်းပြေအောင် မကြာခဏဆိုသလိုသူမရဲ့ ပုံလေးတွေနဲ့ Live ဗီဒီယိုလေးတွေတင်ပေးတတ်ပါတယ်။ မကြာသေးမီကတော့ သူမရဲ့ Instagramလေးမှာ ပရိသတ်တွေရင်းရင်းနှီးနှီးစကားပြောရင်း ၀ခဲ့တဲ့အချိန်တုန်းက ဝေဖန်မှုတွေခံခဲ့ရတဲ့အကြောင်းလေးကို Liveလွှင့်ရင်း ပြောပြသွားခဲ့ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Yoon Yoon's Facebook acc
Photo credit-Yoon Yoon's Facebook acc

Source& video Credit-Yoon Yoon Yuki's Instagram acc

Photo credit-Yoon Yoon's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။