မိမိတို့ရဲ့ ရင်သွေးလေးအပေါ်မှာထားတဲ့ မိဘမေတ္တာနဲ့ ချစ်ခြင်းတရားဆိုတာဟာ မိခင်တွေသာမက ဖခင်ဖြစ်သူတွေမှာလည်း များစွာရှိကြပါတယ်။

ဖခင်ဖြစ်သူတွေဟာ သူတို့ရဲ့ချစ်ခြင်းမေတ္တာကို ရင်သွေးလေးတွေမြင်အောင် ထုတ်မပြတ်ကြပေမယ့် ရင်ထဲမှာတော့ မိခင်တွေထက် မလျော့တဲ့ ချစ်ခြင်းတရားတွေ ပြည့်နှက်နေကြသူတွေပဲဖြစ်ပါတယ်။

photo credit - elitereaders

ယခုတစ်ခေါက်မှာဆိုရင်လည်း အသက် 20 အရွယ်သာ ရှိသေးတဲ့ ဖခင်ဖြစ်သူ Christien Sechrist ဟာ သားလေးအပေါ်အချစ်လွန်ပြီး သူ့ရဲ့သားလေးရဲ့ပုံကို သူ့ရဲ့မျက်နှာတစ်ခြမ်းအပြည့် တက်တူးထိုးခဲ့ပါတယ်။

ဒီတက်တူးကို ထိုးခဲ့ရတဲ့အကြောင်းရင်းကတော့ Christien ဟာ သူချစ်မြတ်နိုးရတဲ့သားလေးရဲ့ပုံကို သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ အမြဲရှိနေစေချင်တဲ့ စိတ်ကြောင့်ဆိုပေမယ့် လူအများက သူ့ကိုဒီတက်တူးကြောင့် ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

photo credit - elitereaders

Christien ဟာ ဒီတက်တူးကြောင့် မင်းဘယ်လိုအလုပ်မှာလဲ .. ဒီပုံစံနဲ့ မင်းကိုဘယ်အလုပ်ရှင်ကမှ အလုပ်ခန့်မှာမဟုတ်ဘူးဆိုတဲ့ စကားတွေနဲ့ ထိုးနှက်ခံခဲ့ရပေမယ့် သူချစ်မြတ်နိုးတဲ့သားလေးရဲ့ပုံကို မျက်နှာပေါ်မှာတက်တူးထိုးခဲ့တာနဲ့ ပတ်သတ်ပြီး နောင်တလုံးဝမရှိဘူးလို့ဆိုပါတယ်။

ပရိသတ်တွေရော ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာနဲ့ သားလေးပုံကို မျက်နှာအပြည့်တက်တူးထိုးခဲ့တဲ့ Christian ရဲ့လုပ်ရပ်ကို လက်ခံကြတယ်မလား။ 

photo credit - elitereaders

source - elitereaders

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။