ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်နေဒွေးကတော့ ခန့်ညားချောမောတဲ့မင်းသားတစ်လက်ဖြစ်လို့ နှုတ်ခမ်းနီမလေးတွေဝန်းရံအားပေးနေကြတာပဲဖြစ်ပါတယ်။နေဒွေးက အနုပညာအလုပ်တွေကို ကြိုးစားလုပ်ဆောင်ပြီး ရရှိလာတဲ့ဝင်ငွေတွေနဲ့ မေမေ့ကို တင့်တောင်းတင့်တယ်ထားတဲ့ သားလိမ္မာလေးဖြစ်ပါတယ်။ပရိသတ်တွေကလည်း မိဘကိုလုပ်ကျွေးနေတဲ့သားလိမ္မာလေးကို အမြဲအားပေးပြီး ချစ်နေရတာဖြစ်ပါတယ်နော်။

Photo Credit:Nay Dway's Facebook Account
Photo Credit:Nay Dway's Facebook Account

လက်ရှိမှာဆိုရင်တော့ နေဒွေးက သူတို့မိသားစုပိုင်တဲ့ JITTOO ဆန်ဆိုင်ကို တိုးတက်အောင်လုပ်ဆောင်နေသလို နောက်ထပ်လုပ်ငန်းသစ်တွေကိုလည်း တိုးချဲ့နေတာဖြစ်ပါတယ်။နေဒွေးက အလုပ်တွေကိုကြိုးစားလုပ်ဆောင်နေပြီး ဆန်တွေကိုလည်း ကိုယ်တိုင်လိုက်ပို့ပေးတာဖြစ်ပါတယ်နော်။နေဒွေးတို့သားအမိနှစ်ယောက်ကတော့ အပြန်အလှန်ကူညီဖေးမကြပြီး အေးအေးချမ်းချမ်းနေထိုင်နေကြတာဖြစ်ပါတယ်။

Photo Credit:Nay Dway's Facebook Account
Photo Credit:Nay Dway's Facebook Account

နေဒွေးတို့သားအမိနှစ်ယောက်က အလှူအတန်းဆိုလည်း အရမ်းရက်ရောကြပြီး အခုဆိုရင်လည်း ဘုန်းကြီးကျောင်းမှာ ဆန်တွေနဲ့ ဝတ္တုငွေတွေကပ်လှူခဲ့တာဖြစ်ပါတယ်။နေဒွေးကတော့ မေမေနဲ့အတူ ဘုန်းကြီးကျောင်းမှာပဲ ရိုးရိုးရှင်းရှင်းလေးထမင်းစားခဲ့ပြီး ပကာသနကင်းမဲ့နေတာဖြစ်ပါတယ်‌။နေဒွေးကတော့ ထမင်းစားနေတဲ့မေမေ့ကို ဗီဒီယိုလေးအမိအရရိုက်ထားလို့ ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Nay Dway's Facebook Account
Photo Credit:Nay Dway's Facebook Account

Photo Credit:Nay Dway's Facebook Account

Source&Video Credit:Nay Dway's Facebook Mystory

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။