အနုပညာလောကမှာ ဆယ်စုနှစ်အချိန်လောက်ကတည်းက အောင်မြင်ကျော်ကြားလာခဲ့တဲ့ သူကတော့ မင်းသားကြီး ဦးကျော်သူ ပဲ ဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း ဦးကျော်သူက ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိနေတဲ့အပြင် အနုပညာအလုပ်တွေကိုလည်း အနည်းအကျဥ်းမျှသာ လုပ်ကိုင်နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် လူမှုရေးအကျိုးပြု ပရဟိတလုပ်ငန်းမှာ အသင်း ဥက္ကဋ္ဌနေနဲ့ ဦးဆောင်လုပ်ကိုင်ပေးနေတာ ဖြစ်ပါတယ်။

Photo Credit - Kyaw Thu fb account
Photo Credit - Kyaw Thu fb account
Photo Credit - Kyaw Thu fb account

ဦးကျော်သူက စိတ်သဘောထားပြည့်ဝပြီး ပျော်ပျော်နေတတ်တာကြောင့်လည်း အနုပညာမောင်နှမတွေက ချစ်ခင်လေးစားနေရတာ ဖြစ်ပါတယ်။ မကြာသေးခင်က ဦးကျာ်သူဟာ ပရဟိတလုပ်ကိုင်နေရင်း ကိုဗစ်ကူးစက်ခံထားရပြီး ဝေဘာဂီဆေးရုံကြီးမှာ ဆေးကုသမှုကိုလည်း ခံယူခဲ့ကာ ယခုဆိုရင် ပရဟိတအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေတာ တွေ့ရပါတယ်။

Photo Credit - Kyaw Thu fb account
Photo Credit - Kyaw Thu fb account
Photo Credit - Kyaw Thu fb account

ယခုမှာတော့ ဦးကျော်သူက ပရိသတ်တွေ တော်တော်များများ မသိလောက်တဲ့ သူ့ရဲ့ ဘဝဇာတ်ကြောင်းတွေကို တင်ပေးလာခဲ့ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ဦးကျော်သူ က ဒီလို ဆွေကြီးမျိုးကြီး၊တိုက်ကြီးတာကြီး၊ စည်းကမ်း စနစ်တိကျတဲ့ အသိုင်းအဝိုင်းကြီးထဲက တစ်မိပေါက်၊တစ်ယောက်ထွန်း သုဘရာဇာ ရုပ်ရှင်မင်းသားတစ်ယောက် ပေါ်ထွက်လာဖို့ ဆိုတာ" ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြလာခဲ့ပါတယ်။

Photo Credit - Kyaw Thu fb account
Photo Credit - Kyaw Thu fb account

Photo Credit - Kyaw Thu fb account

Source - Kyaw Thu fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။