ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော်အနုပညာရှင်တွေထဲမှာ အရွယ်နဲ့မလိုက်အောင် နုပျိုခန့်ညားလွန်းတဲ့ အမျိုးသားအနုပညာရှင်ကတော့ ဝါရင့်သရုပ်ဆောင်မင်းသားချော နိုင်နိုင်းပဲဖြစ်ပါတယ်။ သူဟာအနုပညာလောကမှာ ဆယ်စုနှစ်များစွာတိုင် ရပ်တည်အောင်မြင်နေပြီး ပရိတ်သတ်တွေအားပေးလက်ခံကြတဲ့ သဘာဝမင်းသားချော တစ်ယောက်လည်းဖြစ်ပါတယ်။

photo credit-Sandy Chi's Facebook acc
photo credit-Sandy Chi's Facebook acc

ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့ ဇာတ်ကားတွေများစွာ ရိုက်ကူးထားတဲ့ နိုင်နိုင်းကတော့ ချစ်စရာကောင်းလွန်းတဲ့ သားသားမီးမီးလေးတွေနဲ့အတူ ကြည်နူးပျော်ရွှင်စရာ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားသူပါ။ နိုင်နိုင်းဟာ ချစ်ရတဲ့ဇနီးချောလေး စန္ဒီချိုနဲ့အတူ ချစ်စရာသားသားမီးမီးလေး ၄ယောက်ကိုပိုင်ဆိုင်ထားတဲ့ ဖခင်ကောင်းတစ်ဦးလည်းဖြစ်ပါတယ်။

photo credit-Sandy Chi's Facebook acc
photo credit-Sandy Chi's Facebook acc

နိုင်နိုင်းရဲ့မိသားစုဟာ နယူးယောက်မှာနေထိုင်နေတာလည်းဖြစ်ပြီး နိုင်နိုင်းတစ်ယောက်ကတော့ မြန်မာပြည်မှာပဲအနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာပါ။ မကြာသေးမီကနိုင်နိုင်းရဲ့ ဇနီးချောလေးစန္ဒီချိုဟာ သူမရဲ့ Facebook စာမျက်နှာမှာ သားသမီးလေးတွေရဲ့ ချစ်စရာကောင်းတဲ့ပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

photo credit-Sandy Chi's Facebook acc
photo credit-Sandy Chi's Facebook acc

Source & photo credit-Sandy Chi's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။