သရုပ်ဆောင် မင်းသမီးကြီး မေကဗျာကတော့ အနုပညာအလုပ်တွေသာမကပဲ စီးပွားရေးကိုလည်း အားစိုက်လုပ်ကိုင်လေ့ရှိတဲ့ သူပါ။ သူမက အနုပညာလောကမှာ အချိန်တစ်ခုအကြာ ရပ်တည်နေထိုင်ခဲ့ပြီး ပရိသတ်အားပေးချစ်ခင်မှုကို တစ်ခဲနက်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဗီဒီယိုခေတ်မှာ လူကြိုက်များအောင်မြင်ခဲ့တဲ့ သူမက ယနေ့ ရုပ်ရှင်ဇာတ်ကားတွေတိုင်အောင် လူကြိုက်များ အောင်မြင်နေဆဲပါ။

Photo credit - May Kabyar's Facebook Account
Photo credit - May Kabyar's Facebook Account

မေကဗျာက ယခုလက်ရှိ Covid ကာလမှာတော့ အနုပညာလှုပ်ရှားမှုတွေနည်းပါးနေပြီး စီးပွားရေးအတွက် အွန်လိုင်းမှာ သူ့စက်ရုံက ထွက်တဲ့ အထည်လေးတွေကို live salesနဲ့ ရောင်းချနေတာကိုလည်း တွေ့ရပါတယ်။ မေကဗျာရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေက အားပေးနေကြတာပါ။ ယနေ့မှာတော့ မေကဗျာက သရုပ်ဆောင် နေမျိုးအောင်ရဲ့ ဇနီးနဲ့အတူ အလှူတစ်ခုပြုလုပ်လိုက်တာပါ။

Photo credit - May Kabyar's Facebook Account
Photo credit - May Kabyar's Facebook Account

မေကဗျာက လူမှုကွန်ယက်ထက်မှာ " ဒီနေ့ကထိန်အတွက်အလှူလေးပါ ဇဗ္ဗူအေးဆရာတော်ဘုရားကြီးထံသို့ အလှူငွေနှင့်ကထိန်သင်္ကန်းကပ်လှူ " ဆိုပြီး ရေးသားကာ ပုံရိပ်လေးတွေကို တင်ပေးလာတာပါ။ ဒါ့အပြင် နေမျိုးအောင်ရဲ့ ဇနီးချောလေးကလည်း " ဇဗ္ဗူအေး ဆရာတော်ဘုရားအား ကထိန်သင်္ဃန်းနှင့် ဝတ္တူငွေလှူဒါန်း ဆရာတော်ကြီးအဆုံအမကိုနာခံမှတ်သားပါတယ်ရှင့် " ဆိုပြီး ရေးသားလာတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။

Photo credit - May Kabyar's Facebook Account
Photo credit - May Kabyar's Facebook Account

Source & Photo credit - May Kabyar's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။