ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်သလို ဒါရိုက်တာအဖြစ်လည်း လုပ်ကိုင်နေတဲ့ ခင်လှိုင်ကတော့ လူချစ်လူခင်ပေါများသလို မသိသူမရှိလောက်အောင် အောင်မြင်နေတဲ့သူလည်း ဖြစ်ပါတယ် ။ ပျော်ပျော်နေတတ်သလို မာန်မာနလည်းကင်းတဲ့ ခင်လှိုင်က အားလုံးနဲ့ရင်းရင်းနှီးနှီးဆက်ဆံတတ်တာ ဖြစ်ပါတယ် ။ သားသမီးတွေကိုလည်းအရမ်းချစ်ပြီး မိသားစုကိုတန်ဖိုးထားတဲ့ ခင်လှိုင်က အခုလည်း သူ့ရဲ့သားကြီးအတွက်မွေးနေ့လုပ်ပေးခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Khin Hlaing's FB Acc
Photo Credit-Khin Hlaing's FB Acc
Photo Credit-Khin Hlaing's FB Acc

ဖေဖေခင်လှိုင်တို့ဇနီးမောင်နှံနဲ့ ညီလေးနေရဲတို့က သားကြီးကိုဖြိုးရဲ့အခန်းထဲကို ညဘက်ကြီးရုတ်တရက်ဝင်သွားပြီး မွေးနေ့ Surprise လုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ခင်လှိုင်ကတော့ သားကြီးကိုအနမ်းပေးရင်း ပိုက်ဆံတစ်အုပ်ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့သေးတာ ဖြစ်ပါတယ် ။ ခင်လှိုင်က "သားကြီး ကိုဖြိုးရဲ့မွေးနေ့အကြိုလေးပါ စိတ်ထားဖြူစင်ရိုးရှင်းပြီး မိသားစုအားလုံးကိုအလွန်ချစ်တတ်သော ဖေဖေ မေမေတို့ရဲ့သားကြီး မိသားစုနှင့်အတူထာဝရပျော်ရွှင်အေးချမ်းစွာ ဘဝခရီးကိုလျှောက်လှမ်းနိုင်ပါစေ" ဆိုပြီး တင်ထားတာ ဖြစ်ပါတယ် ။

Photo Credit-Khin Hlaing's FB Acc
Photo Credit-Khin Hlaing's FB Acc
Photo Credit-Khin Hlaing's FB Acc

ညီလေးနေရဲကတော့ အစ်ကို့အတွက် ပုံတူပန်းချီကိုကိုယ်တိုင်ရေးဆွဲပြီး လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့်နေရဲက " Happy Birthday ကိုဖြိုး ကိုယ်တိုင်ဆွဲပေးထားတဲ့ Precious လက်ဆောင် ပုံတူပန်းချီလေးကို သဘောကျလို့အရမ်း ပီတိဖြစ်ပါတယ် ညီအစ်ကိုတွေဆိုတော့ တစ်ခါမှ ချစ်တယ်လို့တော့ မပြောဖြစ်ကြပေမယ့် ငယ်ငယ်ကတည်းက ကောင်းတာတူတူလုပ်မကောင်းတာတူတူလုပ် ရန်တွေဖြစ်လိုက် ပြန်တည့်လိုက်နဲ့ပဲ ကိုဖြိုးအပေါ် ကာယကံ ဝစီကံမနောကံတွေနဲ့ ပြစ်မှားမိတာရှိရင်လည်းတောင်းပန်ပါတယ် ပွဲလမ်းသဘင်တွေ ဘာတွေပဲရှိရှိ မိသားစုကို အမြဲပျော်အောင်လုပ်ပေးတဲ့ကိုဖြိုး ချစ်စရာမိသားစုလေးနဲ့တူတူ ဒီ့ထက် စိတ်ချမ်းသာ ကိုယ်ချမ်းသာ အောင်မြင်ပျော်ရွှင်ရပါစေ..Love u " ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ ကဲ ခင်လှိုင်တို့မိသားစုရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Khin Hlaing's FB Acc & Nay Ye's FB Acc

Photo Credit-Khin Hlaing's FB Acc
Photo Credit-Nay Ye's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။