ချစ်ပရိသတ်ကြီးရေ မင်းသမီးချောလေး မိုးယုစံကတော့ ဆယ်စုနှစ်ကာလထဲက အနုပညာလောကမှာ နေရာတစ်နေရာကို ရယူထားနိုင်သူတစ်ယောက်ဖြစ်ပါတယ်။ မိုးယုစံက ဗီဒီယိုဇာတ်ကားများစွာကို ရိုက်ကူးထားပြီး ပီပြင်အောင် အကောင်းဆုံးသရုပ်ဆောင်ချက်တွေကြောင့်လည်း ထိပ်တန်းမင်းသမီးတွေထဲမှာ ရပ်တည်နေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ မိုးယုစံက သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ဘဝကိုအေးချမ်းစွာဖြတ်သန်းနေတာ ဖြစ်ပါတယ်။

Photo Credit - MoeYuSan fb page
Photo Credit - MoeYuSan fb page

မိုးယုစံ က ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်အပြင် မကြာခင်မိသားစုထဲကို ရောက်ရှိလာတော့မယ့် ရင်သွေးလေးကိုလည်း မွေးထားပါသေးတယ်။ဒါ့အပြင် မိုးယုစံဟာ သရုပ်ဆောင်နယ်ပယ်မှာသာမက ပန်းချီဆွဲတာလည်း ထူးချွန်တဲ့သူလေးပဲဖြစ်ပါတယ်။ ယခုမှာတော့ မိုးယုစံ က ပရိသတ်တွေ အံ့အားသင့်စရာ ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - MoeYuSan fb page
Photo Credit - MoeYuSan fb page

ဒီဗီဒီယိုလေးကတော့ မိုးယုစံက စိတ်တိုင်းကျ ကိုယ်တိုင် ပန်းချီကားလေး ရေးဆွဲနေတာကို ရိုက်ထားတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း မိုးယုစံ က " ၄နှစ်ကြာမှပြန်ဆွဲတာ ၂ကားပီးတယ် ကြိုက်ကြရဲ့လား မိုးယု Pageကို Like Shareလုပ်ထားပေးကြဦးနော်" ဆိုပြီးရေးသားထားပါသေးတယ်။ ကဲ..ပရိသတ်ကြီးရေ ပန်းချီကားလေး ရေးဆွဲနေတဲ့ မိုးယုစံရဲ့ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - MoeYuSan fb page

Video Credit & Source - MoeYuSan fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။