သရုပ်ဆောင်ကောင်းလွန်းသလို ပရိသတ်တွေရဲ့အချစ်တွေ သိမ်းပိုက်ထားကြတဲ့ ပြည်သု့အသည်းကျော်တွေထဲမှာ မင်းသားချောလေးဟိန်းဝေယံနဲ့ မင်းသမီးချောလေးဖူးပွင့်သခင်တို့လည်း အပါအဝင်ပါပဲနော်..။

ဟိန်းဝေယံကတော့ တည်ငြိမ်ပြီး ဆွဲဆောင်မှုရှိတဲ့ဟန်ပန်လေးတွေကြောင့် မိန်းကလေးပရိသတ်တွေကြား ရေပန်းစားအောင်မြင်နေသူဖြစ်သလို ချစ်စရာကောင်းလွန်းတဲ့အပြုံးလှလှလေးတွေနဲ့ ဖမ်းစားထားသူလေးကလည်း ဖူးပွင့်သခင်ပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Amazing Grace
Photo Credit - Actress Phoo Pwint Tha Khin - ဖူးပွင့်သခင် Fb Page

ဇာတ်ကားတွေများစွာရိုက်ကူးထားကြတဲ့ သူတို့အနုပညာမောင်နှမနှစ်ယောက်ကတော့ အနုပညာအလုပ်တွေကိုလည်း အတူတွဲဖက်လုပ်ဆောင်နေကြပြီး အခုတစ်ခါမှာလည်း လိုက်ဖက်လွန်းတဲ့ စုံတွဲလေးအဖြစ် ပရိသတ်တွေမြင်တွေ့ရမှာပါနော်..။

လိုက်ဖက်လွန်းပြီး ချစ်စရာကောင်းလွန်းကြတဲ့ စုံတွဲပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေအားလုံးကလည်း သဘောကျအချစ်ပိုနေကြပြီး အားပေးချစ်ခင်နေကြတာလည်း တွေ့ရပါတယ်နော်..။

Photo Credit - Actress Phoo Pwint Tha Khin - ဖူးပွင့်သခင် Fb Page
Photo Credit - Actress Phoo Pwint Tha Khin - ဖူးပွင့်သခင် Fb Page

"ဂါဝန် ဖြူဖြူလေးပဲ မေဝတ်မယ် အနီရောင်နှုတ်ခမ်းလေးကိုဆေးခြယ် ဝေဒနာတွေမရှိတဲ့နေ့လေးရောက်ရတော့မယ် အတွေးလေးနဲ့ပျော်တယ်.." ဆိုပြီး စုံတွဲပုံလေးတွေကို ဖူးပွင့်သခင်က ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်နော်..။

မင်္ဂလာဝတ်စုံလေးတွေနဲ့ ချစ်စရာကောင်းပြီး လိုက်ဖက်လွန်းကြတဲ့ ရိုက်ကွင်းပေါ်က အချစ်တော်လေးနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ပရိသတိတွေအားလုံးလည်း သဘောကျနေကြမှာမို့ တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Actress Phoo Pwint Tha Khin - ဖူးပွင့်သခင် Fb Page
Photo Credit - Actress Phoo Pwint Tha Khin - ဖူးပွင့်သခင် Fb Page

Source & Photo Credit - Actress Phoo Pwint Tha Khin - ဖူးပွင့်သခင် Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။