မင်းသားချောလေး စွမ်းဇာနည်ကတော့ ပျိုပျိုမေလေးတွေရဲ့ အခိုင်အမာအားပေးဝန်းရံမှုကို ရရှိထားတာ ဖြစ်ပါတယ် ။ စွမ်းဇာနည်က ဇာတ်မင်းသားအဖြစ် ကပြဖျော်ဖြေရင်း ပရိသတ်တွေရဲ့အချစ်ကို သိမ်းပိုက်ခဲ့သလို သရုပ်ဆောင်မင်းသားအဖြစ်လည်း အားပေးခြင်းခံခဲ့ရတာ ဖြစ်ပါတယ် ။ အခုချိန်မှာတော့ စွမ်းဇာနည်က အနုပညာအလုပ်တွေနဲ့ အနည်းငယ်ဝေးကွာနေတာ ဖြစ်ပါတယ် ။

Photo Credit-Swan Zarni's FB Acc
Photo Credit-Swan Zarni's FB Acc
Photo Credit-Swan Zarni's FB Acc

ဒါပေမဲ့လည်း စွမ်းဇာနည်က သူ့ကိုချစ်ခင်တဲ့ပရိသတ်တွေအတွက် လတ်တလောလှုပ်ရှားမှုတွေကို မျှဝေပေးနေသလို Live လွှင့်ပြီး သီချင်းတွေဆိုပြနေတာလည်း ဖြစ်ပါတယ် ။ Stay Home ကာလမှာ အရင်ကထက်တောင် ပိုချောလာတဲ့ စွမ်းက အိမ်နေရင်းပုံစံလေးနဲ့တောင် စတိုင်လ်ကျနေတတ်သူ ဖြစ်ပါတယ် ။ စွမ်းရဲ့ချစ်သူ ဇာတ်မင်းသမီးချောလေးကတော့ စွမ်းနဲ့အတူ တစ်ခါတစ်ရံမှာ Tik Tok လေးတွေရိုက်သလို Live လွှင့်ပေးလေ့ရှိတာလည်း ဖြစ်ပါတယ် ။

Photo Credit-Swan Zarni's FB Acc
Photo Credit-Hnin Wutt Yi Aung's FB Acc
Photo Credit-Hnin Wutt Yi Aung's FB Acc

အခုလည်း စွမ်းရဲ့ချစ်သူလေးက သူ့အပေါ်မှာ သဝန်တိုတတ်ပုံလေးကို Tik Tok ကစားရင်း ပြောပြလိုက်တာပဲ ဖြစ်ပါတယ် ။ ချစ်စရာကောင်းပြီး လိုက်ဖက်တဲ့စွမ်းတို့စုံတွဲလေးကိုတော့ ပရိသတ်တွေကလည်း အမြဲတမ်းဝန်းရံအားပေးပြီး ချစ်ခင်နေကြတာလည်း ဖြစ်ပါတယ် ။ ကဲ တစ်ခြားကောင်မလေးတွေနဲ့ဆိုရင် သဝန်တိုတတ်တယ်ဆိုတဲ့ စွမ်းဇာနည့်ချစ်သူ ဇာတ်မင်းသမီးချောလေးရဲ့ Tik Tok ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Hnin Wutt Yi Aung's FB Story & Swan Zarni's FB Acc

Photo Credit-Hnin Wutt Yi Aung's Tik Tok Acc
Photo Credit-Hnin Wutt Yi Aung's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။