ပရိသတ်ကြီးရေ.. အဆိုတော် Rဇာနည်ကတော့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာကတည်းက သူ့ရဲ့ဆွဲဆောင်မှုတွေရှိလွန်းတဲ့ အသံပါဝါကြောင့် ပရိသတ်ကြားရေပန်းစားသူပဲ ဖြစ်ပါတယ်နော်..။

ချိုသာပြီး ဆွဲအားပြင်းတဲ့ အမိုက်စားအသံပါဝါနဲ့ သီချင်းကောင်းလေးတွေ အမြဲသီဆိုတတ်တဲ့ Rဇာနည်ဟာ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိထားပြီး ကြည်နူးစရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူပါ..။

Photo Credit - Phit Phit Chit Chit Mhit Mhit's Fb Page
Photo Credit - Phit Phit Chit Chit Mhit Mhit's Fb Page

ချစ်ဇနီးချောလေးအပြင် ချစ်စရာကောင်းလွန်းတဲ့ သားလေးနှစ်ယောက် သမီးလေးတစ်ယောက်တို့ကို ပိုင်ဆိုင်ထားတဲ့ Rဇာနည်ကတော့ သူ့ရဲ့အနုပညာလှုပ်ရှားမှုလေးတွေအပြင် ပျော်စရာမိသားစုပုံရိပ်လေးတွေကိုလည်း အမြဲမျှဝေတတ်ပါတယ်နော်..။

ဖစ်ဖစ်၊ ချစ်ချစ်နဲ့ မစ်မစ်ဆိုပြီး ချစ်စနိုးခေါ်ကြတဲ့ Rဇာနည်ရဲ့ သားသားမီးမီးလေးတွေကလည်း တကယ်ကို အသည်းယားစရာကောင်းလောက်အောင် ချစ်ဖို့ကောင်းကြတာမို့ ပရိသတ်တွေအားလုံးကလည်း အမြဲစောင့်ကြည့်အားပေးကြတာ တွေ့ရပါတယ်နော်..။

Photo Credit - Phit Phit Chit Chit Mhit Mhit's Fb Page
Photo Credit - Phit Phit Chit Chit Mhit Mhit's Fb Page

အခုတစ်ခါမှာလည်း မိသားစုစုံစုံလင်လင် သိုက်သိုက်ဝန်းဝန်းဓာတ်ဖမ်းထားကာ ကြည်နူးချမ်းမြေ့စရာမိသားစုပုံရိပ်လေးတွေနဲ့အတူ ပရိသတ်တွေကို အချစ်ပိုစေကြပြန်ပါတယ်နော်..။

ပရိသတ်တွေအမြဲအားကျချစ်ခင်နေကြရတဲ့ Rဇာနည်တို့မိသားစု ပုံရိပ်လေးတွေကို ပြန်လည်မျှဝေတင်ဆက်ပေးလိုက်တာမို့ သဘောကျနေကြလိမိ့မယ်လို့ မျှော်လင့်ပါတယ်နော်..။

Photo Credit - Phit Phit Chit Chit Mhit Mhit's Fb Page
Photo Credit - Phit Phit Chit Chit Mhit Mhit's Fb Page

Source & Photo Credit - Phit Phit Chit Chit Mhit Mhit's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။