ကမ္ဘာပေါ်မှာ ဖြေရှင်းလို့မရတဲ့ အမှုတွေအများကြီးရှိသလို လူသတ်သမားရဲ့အမည်၊ နောက်ခံ၊ နေရပ်တွေကိုမသိတဲ့ အဖြစ်တွေလဲ ရှိပါတယ်။ ကမ္ဘာနာမည်အကြီးဆုံး London မြို့က ကွင်းဆက်လူသတ်သမား Jack The Ripper လိုပေါ့။ သူဘယ်သူလဲ ဘာကြောင့်သတ်ရတာလဲဆိုတဲ့ အဖြေကိုယနေ့တိုင်မသိသေးကြပါဘူး။ 

သူဟာလူ ၅ယောက်ကို သတ်ခဲ့ပြီး သတ်ခဲ့တဲ့လူတွေအကုန်လုံးက မိန်းကလေးတွေကြီးပါပဲ။ သူသတ်တဲ့ပုံစံက အလွန်ကိုမှ လူမဆန်ပဲ ရက်စက်လှပါတယ်။ သူလိုပဲအလာတူ လူသတ်သမားတစ်ယောက်ရှိပါသေးတယ်။ သူကိုတော့ Zodiac Killer ဒါမှမဟုတ် Zodiac လို့ခေါ်ပြီး သူလဲလူ ၅ယောက်သတ်ခဲ့ပါတယ်။ 

အတိအကျဆိုရင် ၇ယောက်ပါ..ဒါပေမဲ့ ၂ယောက်က ကံကောင်းထောက်မစွာမသေပဲ အသက်ရှင်နေခဲ့တာပါ။ သူဘယ်သူလဲဆိုတာကို ရဲတွေမသိပေမဲ့ သူရဲ့ ပုံပန်းသွင်ပြင်ကိုတော့ ရဲတွေဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လဲ ဖမ်းဆီးရမိခဲ့ခြင်း မရှိပါ။ Jack The Ripper က 1888ခုနှစ်မှာ ပေါ်ထွက်ခဲ့တာဖြစ်ပြီး Zodiac Killer ကတော့ 1960 ခုနှစ်မှာပေါ်ထွက်လာခဲ့ပါတယ်။ ယနေ့ခေတ်တိုင် သူတို့တွေရဲ့ အမှုနဲ့အကြောင်းတွေကို မဖော်ထုတ်နိုင်သေးပါဘူး။ 

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။