Christmas ပွဲတော်ဟာ ပျော်ရွှင်စရာ ပွှဲတော်တစ်ပွဲဖြစ်ပေမဲ့လဲ့ တချို့လူတွေကတော့မနှစ်သက်ကြပါဘူး ။ ဘာလို့မနှစ်သက်လဲဆိုတောတော့မသိပါဘူး ။ အဲ့လိုမနှစ်သက်တဲ့ သူတွေအတွက် ဇာတ်ကောင်နှစ်ယောက်ရှိပြီး နာမည်တွေကတော့ Ebenezer Scrooge နဲ့ Grinch လိုခေါ်ပါတယ်။ ရုပ်ရှင်ကားတွေလဲရှိကာ အောင်မြင်ကျော်ကြားလျက်ရှိပါတယ်။ အဲ့လို Christmas ကိုမနှစ်သက်တဲ့သူတွေမှာသာ ရှိတဲ့ အတွေးတွေရှိပါတယ်။

အဲ့အတွေးတွေကတော့ နှစ်တိုင်းက ကိုယ်ဆိကိုစောစောရောက်လာသလို စိတ်ပျက်စရာ အခိုက်အတန့်အတွေး၊ Christmas cards တွေကလုံးဝကို စိတ်ပျက်စရာဖြစ်နေတဲ့အတွေး၊ သကြား အမွှေးအကြိုင်တိုနဲ့အပူပေးထားတဲ့ ဝိုင်ကို ဈေးနှစ်ဆတင်ရောင်းနေတာလဲ စိတ်ပျက်စရာ အတွေး၊ December လမှာထွက်တဲ့ ခြောက်သွေ့အသီးတွေကို အဆိုးဆုံးလိုမြင်တဲ့အတွေး၊ Mariah Carey ရဲ့သီချင်းကို နှစ်စဉ်နှစ်တိုင်းလိုလို ထပ်ခါထပ်ခါ နားဆင်ရတာများတော့စိတ်ပျက်လာတဲ့ အတွေး စသဖြင့်များစွာရှိပါတယ်။ 

အဲ့လိုအတွေးတွေဘာကြောင့်ဖြစ်ပေါ်လာလဲမသိပေမဲ့ ထင်မိတာကတော့ လူတစ်ယောက်ဟာ အဲ့လိုအတွေးတွေ ပုံမှန်ဖြစ်နေကြပါ။ ထပ်ခါတလဲလဲ ဒီလိုအချိန် ဒီလိုအခါရောက်လာရင် လုပ်နေကြအတိုင်း လုပ်နေရတော့လူတစ်ယောက်ဟာ ငြီးငွေ့လာတာ ပုံမှန်ပါပဲ။ အလှုခံမဏ္ဍပ် မှာဖွင့်တဲ့ မနောသီချင်ကိုကြာဖန်များလာသလိုပဲ Mariah Carey ရဲ့သီချင်းကိုကြာဖန်များလာတော့ စိတ်ပျက်လာတာပေါ့။ စာဖတ်သူတို့ထဲမှာရော Christmas ပွဲတော်ကို မနှစ်သက်တဲ့သူတွေရှိကြလား...တကယ်တော့ Christmas ဟာပျော်ရွှင်စာပွဲတော်ပါ။

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။