အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲမင်းသမီးတစ်ယောက်အနေနဲ့ အချိန်အတော်ကြာရပ်တည်နေနိုင်တဲ့အပြင် အကယ်ဒမီထူးချွန်ဆုကြီး နှစ်ဆုကိုလည်း ရရှိထားတဲ့ အိန္ဒြာကျော်ဇင်ကို ပရိသတ်ကြီး သိကြမယ်ထင်ပါတယ်....။ သူမဟာ မင်းသားချောပြေတီဦးနဲ့အတူ သာယာချမ်းမြေ့ဖွယ်အိမ်ထောင်တစ်ခုကို တည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ သားသားမီးမီးလေးတွေနဲ့အတူ ပျော်ရွှင်စွာနေထိုင်နေတာလည်း ဖြစ်ပါတယ်။

photo credit-Eaindra Kyaw Zin's Facebook page
photo credit-Eaindra Kyaw Zin's Facebook page

အူဝဲနဲ့ ပြေတီဦးတို့နှစ်ယောက်လုံးဟာလည်းအနုပညာလောကမှာ ပြောစရာမလိုအောင်ကိုအောင်မြင်ကြတဲ့ အနုပညာရှင်တွေဖြစ်ပြီးတော့ ထပ်ဆင့်အကယ်ဒမီကိုယ်စီနဲ့ ရပ်တည်အောင်မြင်နေကြတာလည်းဖြစ်ပါတယ်။ ဒါ့ပြင်ဦးတီဟာလည်း ပျော်ပျော်နေတတ်တဲ့သူဖြစ်ပြီး ဇနီးအပေါ်မှာရော သားသမီးတွေအပေါ်မှာတာ၀န်ကျေပွန်တဲ့ သူတစ်ယောက်ဆိုလည်းမှားမယ်မထင်ပါဘူးနော်.....။

photo credit-Eaindra Kyaw Zin's Facebook page
photo credit-Eaindra Kyaw Zin's Facebook page

အူဝဲဟာ သူတို့မိသားစုရဲ့အမှတ်တရပုံလေးတွေကို မကြာခဏဆိုသလိုမျှဝေပေးလေ့ရှိတဲ့သူပါ။ အခုဆိုရင်လည်း သူမရဲ့ Facebookစာမျက်နှာမှာ "ဒီရက်ပိုင်းထဲလဲ မသွားမဖြစ်သွားရတာဆိုလို့ Central က ပေါင်မုန့်ဆိုင်ပဲ, အိမ်က လူကြီးလူကောင်း၂ယောက်က အဲ့က ပေါင်မုန့်တွေ ကြိုက်တော့ သွားသွားဝယ်ရတာ... တစ်နေ့ကတော့ ချစ်သူနဲ့သွားဝယ်ဖြစ်တယ် ၂ယောက်ထဲဆိုတော့ ကွကိုယ်ပဲ ဆဲလ်ဖီလိုက်တယ်လေကိုကိုတီတီရဲ့ ဖန်ဖန်တွေအတွက် အိုင်တင်ပေးတယ်နော်,(မတင်ဘူး ပြောပြောနေလို့)" ဆိုတဲ့ captionလေးနဲ့ ကြည်နူးစရာပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

photo credit-Eaindra Kyaw Zin's Facebook page
photo credit-Eaindra Kyaw Zin's Facebook page

Source & photo credit-Eaindra Kyaw Zin's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။