ကလေးဘဝကတည်းက ရုပ်ရှင်ဇာတ်ကားကြီးအများအပြားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဟဲဗီးဖြိုးဟာဆိုရင် သရုပ်ဆောင်အရမ်းကောင်းတဲ့သူပဲဖြစ်ပါတယ်။ကလေးသရုပ်ဆောင်ဘဝကတည်းက ယွန်းယွန်းနဲ့အတွဲညီစွာ သရုပ်ဆောင်ပြီး အခုချိန်မှာဆိုရင်လည်း ယွန်းယွန်းနဲ့ဟဲဗီးဖြိုးတို့က သူငယ်ချင်းတွေအဖြစ် ခင်မင်နေကြဆဲပဲဖြစ်ပါတယ်။လက်ရှိအချိန်မှာဆိုရင်တော့ ဟဲဗီးဖြိုးလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့လုပ်ဆောင်နေပြီဖြစ်ပါတယ်နော်။

Photo Credit:Heavy Phyo's Facebook Account
Photo Credit:Heavy Phyo's Facebook Account

ဟဲဗီးဖြိုးကို ကလေးသရုပ်ဆောင်ကတည်းက အားပေးချစ်ခင်လာကြတဲ့ ပရိသတ်တွေကလည်း ယနေ့အချိန်ထိတိုင် တစိုက်မက်မက်အားပေးလာကြတာပါနော်။ဟဲဗီးဖြိုးက လူငယ်ပီပီ ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး ရိုးသားကြိုးစားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဟဲဗီးဖြိုးက အခုနောက်ပိုင်းမှာဆိုရင် Tik Tok တွေကိုလည်း စတိုင်လ်မျိုးစုံနဲ့ ကစားလာတာဖြစ်ပါတယ်နော်။

Photo Credit:Heavy Phyo's Facebook Account
Photo Credit:Heavy Phyo's Facebook Account
Photo Credit:Heavy Phyo's Facebook Account

ဟဲဗီးဖြိုးရဲ့ Tik Tokလေးတွေကိုလည်း ပရိသတ်တွေက အားပေးကြည့်ရှု့ကြပြီး အမြဲဝန်းရံနေကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဟဲဗီးဖြိုးက မိခင်နဲ့ချစ်သူတို့နှစ်ယောက်ထဲမှ ဘယ်သူ့ကိုပိုချစ်လဲလို့ မေးလာတဲ့မေးခွန်းကို ပြတ်ပြတ်သားသားဖြေလိုက်တာဖြစ်ပါတယ်။ဟဲဗီးဖြိုးကတော့ Tik Tokကနောက်ခံအသံနဲ့ လိုက်ဖက်ညီစွာ သရုပ်ဆောင်လုပ်ပြီး ကစားထားတာဖြစ်လို့ သူ့ရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Heavy Phyo's Facebook Account
Photo Credit:Heavy Phyo's Facebook Account

Photo Credit:Heavy Phyo's Facebook Account

Source&Video Credit:Heavy Phyo's Tik Tok Acc

@heavyking1996

မမေးသင့်သောစကားများ

original sound - Ye Thu Lwin - ငရဲ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။