မင်းသမီးချောလေး ချောရတနာက ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးပြီး အောင်မြင်မှုရရှိလာခဲ့တာ ဖြစ်ပါတယ်။ ယနေ့အချိန်လည်း ချောရတနာက အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် နဲ့လုပ်ကိုင်နေပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိနေတုန်းပဲဖြစ်ပါတယ်။ ဒါ့အပြင် သူမက သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ချစ်စရာ သားလေးနဲ့ သမီးလေးကိုလည်း မွေးထားကာ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေထိုင်နေတာ ဖြစ်ပါတယ်။

ချောရတနာက ကလေးအမေတစ်ယောက်ဖြစ်ပေမယ့်လည်း ရှိရင်းစွဲအသက်ထက် ငယ်ရွယ်နုပျိုပြီး ချောမောလှပနေတုန်းပဲဖြစ်ပါတယ်။ သူမဟာ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ tik tok ဆော့ကစားပြီး ပရိသတ်တွေကိုလည်း ဖော်ပြပေးပါတယ်။ ယခုမှာလည်း ချောရတနာက မြင်သူတိုင်းချစ်အားပိုလောက်မယ့် tik tok လေးကိုလည်း တင်ပေးလာခဲ့ပါတယ်။

ဒီဗီဒီယိုလေးထဲမှာတော့ ချောရတနာက သီချင်းလေးအတိုင်း ဟန်အမူအရာလေးတွေနဲ့ ခင်ပွန်းသည် သဝန်တိုလောက်အောင် ဆော့ကစားထားတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ချောရတနာရဲ့ tik tok လေးကိုသဘောကျမယ်လို့ မျှော်လင့်မိပါတယ်။ ကဲ..ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိရှိ ချစ်စရာကောင်းလောက်အောင် ဆော့ကစားထားတဲ့ ချောရတနာရဲ့ tik tok လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Chaw Yadanar fb account

Tik Tok Video Credit & Source - Chaw Yadanar fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။