မင်းသမီးချော မြတ်ကေသီအောင်ကတော့ အကယ်ဒမီဆုနှစ်ဆုတိတိ ရယူသိမ်းပိုက်နိုင်ခဲ့တဲ့ ပရိသတ်အချစ်တော်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်နော်။ အနုပညာသက်တမ်းနှစ်အတော်ကြာအောင်ရှိပြီဖြစ်တဲ့ မြတ်ကေသီအောင်က ဇာတ်ရုပ်မျိုးစံကို သူမရဲ့အနုပညာအရည်အချင်းတွေနဲ့ ပြောင်မြောက်စွာ ဖန်တီးပုံဖော်ခဲ့တာ ဖြစ်ပါတယ် ။ မြတ်ကေသီအောင်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေကလည်း ပရိသတ်တွေရဲ့အကြိုက်နဲ့ထပ်တူကျပြီး အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ် ။

Photo Credit-Myat Kay Thi Aung's FB Acc
Photo Credit-Myat Kay Thi Aung's FB Acc
Photo Credit-Myat Kay Thi Aung's FB Acc

လက်ရှိမှာတော့ မြတ်ကေသီအောင်က အနုပညာလှုပ်ရှားမှုတွေနဲ့ ဝေးကွာနေခဲ့တာ အချိန်အတော်ကြာနေပြီလည်း ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း မြတ်ကေသီအောင်ကိုချစ်တဲ့ ပရိသတ်တွေက သူမရဲ့လှုပ်ရှားမှုတွေကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် စောင့်ကြည့်အားပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း မြတ်ကေသီအောင်က "ထပ်တူညီမျှခြင်းဟာ ကိုယ့်အတွက် အချိန်တော်တော်များများပေးထားတတ်တဲ့ချစ်သူ (သို့) အိမ်ထောင်ဖက်ကို စွန့်လွှတ်လိုက်တာက ကိုယ့်ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတခုကို စွန့်လွှတ်လိုက်တာနဲ့တူတူပါပဲ"

Photo Credit-Myat Kay Thi Aung's FB Acc
Photo Credit-Myat Kay Thi Aung's FB Acc
Photo Credit-Myat Kay Thi Aung's FB Acc

"နောက်ဆက်တွဲဖြစ်လာတဲ့ ခံစားမှုဟာလည်း နှစ်ယောက်လုံးရဲ့စိတ်ကို ဆက်တိုက်ခြောက်ခြားစေတယ် တစ်ဖက်နဲ့တစ်ဖက်ပြုမိခဲ့တဲ့ အမှားတွေနဲ့ ရှင်သန်နေထိုင်ရတဲ့အခါမျိုး ပိုပြီးစိတ်ကိုနာကျင်စေခဲ့တယ်.​အဝေးဆုံးနေရာတွေမှာ နေမိပြန်တော့လည်း အမှားတွေနဲ့ ကင်းလွှတ်ခွင့်ရတဲ့ အခိုက်အတန့်လေးလိုမျိုး စိတ်ဒဏ်ရာတွေကို သက်သာစေခဲ့တယ် တကယ်တော့ ဘဝတွေဟာ ကြင်နာခြင်းကိုလိုချင်လို့ ရှာရင်းနဲ့ နာကျင်ခြင်းတွေတွေ့ပြီး ထပ်တူကျကျလာတယ်ဆိုတာ ချစ်တတ်တဲ့သူတွေကမေ့နေကြတာပါ MKTA" ဆိုပြီး ပုံလေးနဲ့အတူ စာလေးတွေကိုရေးသားမျှဝေထားတာပဲ ဖြစ်ပါတယ်။

Source & Photo Credit-Myat Kay Thi Aung's FB Acc

Photo Credit-Myat Kay Thi Aung's FB Acc
Photo Credit-Myat Kay Thi Aung's FB Acc
Photo Credit-Myat Kay Thi Aung's FB Acc
Photo Credit-Myat Kay Thi Aung's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။