ပရိသတ်ကြီးရေ သရုပ်ဆောင်အိအိတုန်ကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက အနုပညာအလုပ်တွေကို များစွာလုပ်ကိုင်ခဲ့ပြီး ပရိသတ်အချစ်ကို တစ်ခဲနက်ရရှိပိုင်ဆိုင်ထားသူပါ။ 

သူမရဲ့ သရုပ်ဆောင်မှုတွေကလည်း ကောင်းမွန်ပီပြင်လွန်းတာကြောင့် ပါဝင်တဲ့ ဇာတ်ကားတိုင်းက လူကြိုက်များအောင်မြင်တာကို တွေ့ရပါတယ်။

Photo credit - Ei Ei Tone's Facebook Account
Photo credit - Ei Ei Tone's Facebook Account

သရုပ်ဆောင် အိအိတုန်က လက်ရှိမှာ အနုပညာအလုပ်တွေကို ရပ်နားထားပြီး မိသားစုနဲ့အတူ နွေးထွေးပျော်ရွှင်စွာ နေထိုင်နေတာပါ။ အိအိတုန်က မကြာတော့မယ့်အချိန်မှာ သမီးလေးကိုမွေးဖွားတော့မှာဖြစ်လို့ ဒီအတောအတွင်းမှာ ‌အစစအရာရာ အထူးဂရုစိုက်နေတာဖြစ်ပါတယ်။ အိအိတုန်က အွန်လိုင်းပေါ်မှာလည်း ဈေးရောင်းပြီး အခုလိုကာလမှာ တတ်နိုင်တဲ့ဘက်ကနေ စီးပွားရေးလုပ်ဆောင်နေတာဖြစ်ပါတယ်နော်။ 

Photo credit - Ei Ei Tone's Facebook Account
Photo credit - Ei Ei Tone's Facebook Account

အိအိတုန်ရဲ့ မိသားစုလေးက အေးအေးချမ်းချမ်းရှိပြီး အရမ်းပျော်ရွှင်စရာကောင်းလို့ ပရိသတ်တွေကလည်း ချစ်နေရတာဖြစ်ပါတယ်။ အိအိတုန်ရဲ့ခင်ပွန်းကလည်း ကိုယ်ဝန်လွယ်ထားရတဲ့ချစ်ဇနီးလေးကို အစစအရာရာဂရုစိုက်ပေးပြီးအစားအသောက်ကအစ ကိုယ်တိုင်လုပ်ကျွေးတာကို တွေ့ရပါတယ်။ ယနေ့မှာတော့ အိအိတုန်က ခင်ပွန်းသည်ကြောင့် စိတ်ချမ်းသာနေတဲ့ မျက်နှာပြည့်ပြည့်လေးရဲ့ ပုံလေးကို တင်ပေးလာတာ​ကြောင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်...... ။

Photo credit - Ei Ei Tone's Facebook Account
Photo credit - Ei Ei Tone's Facebook Account

Source & Photo credit - Ei Ei Tone's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။