ပရိသတ်ကြီးရေ မင်းသမီးချောလေးရွှေမှုံရတီကတော့ အနုပညာပျိုးခင်းကနေတက်လာတဲ့ မင်းသမီးလေးဖြစ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေကို ရရှိထားတာဖြစ်ပါတယ်။ရွှေမှုံရတီက သူမကိုအရမ်းချစ်တဲ့ အဆိုတော်ရွှေထူးနဲ့ နှစ်ယောက်တစ်ဘဝတည်ဆောက်လိုက်ပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာဖြစ်ပါတယ်။ရွှေထူးကလည်း အခုနောက်ပိုင်းမှာဆိုရင် ဇာတ်ကားတွေရိုက်လာပြီဖြစ်လို့ ချစ်ဇနီးနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေတောင် အတူတူရိုက်ထားတာဖြစ်ပါတယ်နော်။

Photo Credit:Htoo Khant's Facebook Account
Photo Credit:Htoo Khant's Facebook Account

ရွှေမှုံလေးကတော့ ယောက်ျားရပြီးတာတောင် တစ်နေ့ထက်တစ်နေ့ပိုပိုလှပနေတာဖြစ်လို့ အပျိုတွေတောင်ရှုံးရပါတယ်နော်။ရွှေထူးကလည်း အရမ်းလှလွန်းတဲ့ ချစ်ဇနီးလေးကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးပြီး အမြဲအလိုလိုက်ပေးတာဖြစ်ပါတယ်။‌ရွှေထူးနဲ့‌ရွှေမှုံတို့စုံတွဲလေးက ပရိသတ်တွေရဲ့အချစ်များစွာကိုရရှိနေပြီး မြန်မာပြည်ရဲ့ထိပ်တန်းအနုပညာရှင်တွေထဲမှာ ပါဝင်ကြပါတယ်နော်။

Photo Credit:Htoo Khant's Facebook Account
Photo Credit:Htoo Khant's Facebook Account

ယခုလိုကိုဗစ်ကာလမှာတော့ ရွှေထူးနဲ့ရွှေမှုံတို့က အနုပညာအလုပ်လေးတွေကို အနည်းအကျဉ်းသာလုပ်ဆောင်နေကြတာဖြစ်ပါတယ်။အိမ်ထဲမှာပဲနေရတဲ့အချိန်များလို့ ရွှေထူးနဲ့ရွှေမှုံက သူတို့ရဲ့အိမ်နေရင်းပုံစံလးတွေကို မကြာခဏတင်ပေးနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း လက်နဲ့အားရပါးရနယ်ဖတ်ပြီး ထမင်းစားနေတဲ့ ချစ်ဇနီး‌လေးရွှေမှုံကို ဗီဒီယိုလေးရိုက်ထားပြီး ချစ်ပရိသတ်တွေအတွက် မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Htoo Khant's Facebook Account
Photo Credit:Htoo Khant's Facebook Account

Photo Credit:Htoo Khant's Facebook Account

Source&Video Credit:Htoo Khant's Facebook mystory

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။