အဆိုတော် သားငယ်ကတော့ Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး Winner ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သူ ဖြစ်ပါတယ် ။ ပြိုင်ပွဲကာလတစ်လျှောက်လုံးမှာ ပရိသတ်တွေရဲ့ဝန်းရံအားပေးမှုကို အများဆုံးရရှိခဲ့တဲ့ သားငယ်က အခုဆိုရင် အောင်မြင်တဲ့ဘဝကို ရရှိထားပြီ ဖြစ်ပါတယ် ။ သားငယ်က အသံကောင်းသလို အရည်အချင်းလည်းရှိတာကြောင့် ဂီတလမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Thar Nge's FB Page
Photo Credit-Thar Nge's FB Page
Photo Credit-Thar Nge's FB Page
Photo Credit-Thar Nge's FB Page

အရင်က ချစ်ဇနီးချောလေးနဲ့အတူ အကြော်ရောင်းခဲ့တဲ့ သားငယ်က အခုလိုအောင်မြင်နေတဲ့အချိန်မှာတောင် သူ့ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလေးကို တန်ဖိုးထားကာ လုပ်ကိုင်နေဆဲ ဖြစ်ပါတယ် ။ သားငယ်တို့ဇနီးမောင်နှံက အလုပ်လုပ်တဲ့နေရာမှာလည်းမောင်တစ်ထမ်းမောင်တစ်ရွက် ဆောင်ရွက်တတ်တာကြောင့် ပရိသတ်တွေကပါ သဘောကျနေရတာ ဖြစ်ပါတယ် ။ အခုလည်း သားငယ်က ချစ်ဇနီးနဲ့ပုံရိပ်လေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ် ။

Photo Credit-Thar Nge's FB Page
Photo Credit-Thar Nge's FB Page
Photo Credit-Thar Nge's FB Page
Photo Credit-Thar Nge's FB Page

သားငယ်က "ပဲစိမ့်ကြော် ရောင်းမယ်ဟေ့ !Live လွှင့်ပြီးရောင်းရမလား ! Delivery နဲ့ ပို့ရမလား " ဆိုပြီး အကြော်ရောင်းတဲ့လုပ်ငန်းမှာ ပျော်ရွှင်နေတဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ပကာသနတွေကင်းတဲ့ သားငယ်တို့ဇနီးမောင်နှံရဲ့ဘဝလေးကတော့ အရမ်းကိုအေးချမ်းပြီး ပျော်စရာကောင်းနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော်သားငယ်တို့စုံတွဲရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Thar Nge's FB Page

Photo Credit-Thar Nge's FB Page
Photo Credit-Thar Nge's FB Page
Photo Credit-Thar Nge's FB Page
Photo Credit-Thar Nge's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။