ပရိသတ်ကြီးရေ အဆိုတော်အိမ့်ချစ်ကတော့ ဂီတလောကမှာ အချိန်တော်တော်ကြာကြာရပ်တည်လာခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ လက်ရှိမှာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပြီး သီချင်းသစ်တွေကို ဖန်တီးနေတယ်လို့လည်း သိရပါတယ်။ အိမ့်ချစ်က အမြဲပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး စိတ်သဘောထားပြည့်ဝတာကြောင့် ပရိသတ်တွေအပြင် အနုပညာမောင်နှမတွေကလည်း ချစ်ခင်နေရတာ ဖြစ်ပါတယ်။

Photo Credit - Eint Chi fb page
Photo Credit - MY DREAM (photography)

ဒါ့အပြင် သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေတဲ့ သူပဲဖြစ်ပါတယ်။အိမ့်ချစ်က လူငယ်တစ်ယောက်ဖြစ်ပေမဲ့လည်း ဘာသာတရားကို အထူးကိုင်းရှိုင်းတာကို တွေ့ရပါတယ်။ ယခုမှာတော့ အိမ့်ချစ်က ပရိသတ်တွေဖူးမြော်ရအောင်ကြည်နူးစရာ live လေးလွှင့်ခဲ့ပါတယ်။

Photo Credit - Eint Chi fb page
Photo Credit - Eint Chi fb page

ဒီlive လေးထဲမှာတော့ သူမရဲ့ အိမ်တော်မှာ အနယ်နယ်အရပ်ရပ်က ပင့်ဆောင်ကိုးကွယ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်များကို ပရိသတ်တွေ ဖူးမြော်နိုင်အောင် live လွှင့်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရုပ်ပွားတော်များကလည်း အလွန်းကြည်ညိုစရာကောင်းတဲ့အပြင် ထူးခြားတဲ့ ရုပ်ပွားတော်များရဲ့ အကြောင်းတွေကိုလည်း ရှင်းပြပေးခဲ့ပါတယ်။ ပရိသတ်တွေလည်း အိမ့်ချစ်ရဲ့ live လေးကို သဘောကျမယ်လို့ မျှော်လင့်မိပါတယ်။

Photo Credit - Eint Chi fb page

Video credit & Source - Eint Chi fb page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။