ပရိသတ်ကြီးရေ သရုပ်ဆောင် အိချောပိုကတော့ ဘယ်အချိန်ကြည့်ကြည့် လှနေပြီး မင်းသမီးတစ်ယောက်ရဲ့ အဆင်းနဲ့အချင်းပြည့်စုံသူပါ။ သူမဟာ အနုပညာပျိုးခင်းရဲ့ စင်တင် မင်းသမီးတစ်လက်ဖြစ်ပြီး ဗီဒီယိုခေတ်မှ စလို့ ယနေ့ ရုပ်ရှင်ဇာတ်ကားကြီးတွေတိုင်အောင် ပါဝင်ရိုက်ကူး အောင်မြင်နေတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ပါ။ သူမရဲ့ သရုပ်ဆောင်မှုတွေက ပီပြင်ကောင်းမွန်လွန်းလို့ ပရိသတ်ရင်ထဲ ထိမှန်စေတာလည်း ​ဖြစ်ပါတယ်။

Photo credit - Ei Chaw Po's Facebook Account
Photo credit - Ei Chaw Po's Facebook Account

အိချောပိုက ယခုလို Covid ကာလမှာတော့ အနုပညာလှုပ်ရှားမှုတွေ နည်းပါးနေပြီး အိမ်မှာပဲ မိသားစုနဲ့အတူ နားနားနေနေ နေထိုင်နေရတာပါ။ အိမ်မှာနေရင်း အပျင်းပြေ ဓာတ်ဖမ်းထားတဲ့ အလန်းစားပုံရိပ်လေးတွေကို ဝေမျှလေ့ရှိတဲ့ သူမက ယနေ့မှာလည်း ဖေ့ဘွတ် Mydayမှာ ပိုစ့်တစ်ခု တင်ပေးလာခဲ့ပါတယ်။ ဒါကတော့ ရိုးရှင်တဲ့ အပြုံးချိုချိုလေးနဲ့ ပိုစ့်ပေးထားတဲ့ ပုံလေးတွေပါ။

Photo credit - Ei Chaw Po's Facebook Account
Photo credit - Ei Chaw Po's Facebook Account

စူးရှတဲ့ အကြည့်တွေနဲ့ ကြည့်မိသူတိုင်း ရင်ကို ထိမှန်သွားရလောက်အောင် ရိုက်ကူးထားတဲ့ ပုံလေးတွေက ပရိသတ်တွေက အချစ်ပိုစေမှာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။ အိချောပိုရဲ့ ပုံလေးတွေတိုင်းကို ချစ်ပရိသတ်တွေက ကြည့်ရှုပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်။ ဒါ့အပြင် ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေက အားပေးကြမယ်မလား....... ။

Photo credit - Ei Chaw Po's Facebook Account
Photo credit - Ei Chaw Po's Facebook Account
Photo credit - Ei Chaw Po's Facebook Account

Source & Photo credit - Ei Chaw Po's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။