မင်းသမီးချောလေး ပွင့်နဒီမောင်ကတော့ ချောမောလှပတဲ့ ရုပ်ရည်လေးနဲ့အတူ အချိုးအစားပြေပြစ်တဲ့ ခန္ဓာကိုယ်လေးကိုပါ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ ပွင့်နဒီမောင်က စကားပြောပွင့်လင်းတဲ့အပြင် ဟန်ဆောင်မှုကင်းတဲ့ပုံစံလေးနဲ့ လွတ်လပ်ပေါ့ပါးစွာ နေထိုင်တတ်တာလည်း ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ပွင့်နဒီမောင်က အခုချိန်အထိ လူငယ်လေးတစ်ယောက်လို လန်းဆန်းနုပျိုပြီး လှသွေးကြွယ်နေတာ ဖြစ်ပါတယ် ။

Photo Credit-Pwint Nadi Maung's FB Acc
Photo Credit-Pwint Nadi Maung's FB Acc
Photo Credit-Pwint Nadi Maung's FB Acc

ပွင့်နဒီမောင်က အနုပညာလှုပ်ရှားမှုအနေနဲ့ မကြာသေးခင်ကလည်း ဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကိုလည်း လုပ်ကိုင်နေတဲ့ ပွင့်နဒီမောင်ကို ပရိသတ်တွေက အမြဲတမ်းဝန်းရံပြီး အားပေးချစ်ခင်နေကြတာ ဖြစ်ပါတယ် ။ ပျော်ပျော်နေတတ်တဲ့ ပွင့်နဒီမောင်က အခုလည်းသူငယ်ချင်း Jenny နဲ့အတူ ပိုက်ဆံဝင်ကောက်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Pwint Nadi Maung's FB Acc
Photo Credit-Pwint Nadi Maung's FB Acc
Photo Credit-Jenny's FB Acc

ပွင့်နဒီမောင်နဲ့ Jenny တို့သူငယ်ချင်းနှစ်ယောက်ကတော့ လူအုပ်ကြားထဲကို ရအောင်တိုးဝင်ပြီး ပိုက်ဆံတွေကောက်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။ အလုအယက်နဲ့ ပိုက်ဆံတွေပျော်ပျော်ကြီး ဝင်ကောက်နေတဲ့ ပွင့်နဒီမောင်တို့က ဟန်ဆောင်မှုကင်းစွာနဲ့ ပျော်နေကြတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ပွင့်နဒီမောင်နဲ့ Jenny တို့သူငယ်ချင်းနှစ်ယောက်ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Pwint Nadi Maung's FB Story

Photo Credit-Pwint Nadi Maung's FB Story
Photo Credit-Pwint Nadi Maung's FB Story

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။