ပရိသတ်ကြီးရေ......အရွယ်တင်နုပျိုလှပနေပြီး အနုပညာလောကမှာအချိန်အတော်ကြာရပ်တည်အောင်မြင်နေတဲ့သူလေးကတော့ မင်းသမီးချောလေးနန်းဆုရတီစိုးပါ။ သူမဟာ မေမေဆူလိမ့်မယ်သီချင်းနဲ့ ပရိသတ်အားပေးမှုရရှိလာခဲ့ပြီး ဗီဒီယိုဇာတ်ကားများ ရုပ်ရှင်ကားများပါရိုက်ကူးအောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။

Photo credit-Han Myat Thaw
Photo credit-Han Myat Thaw

နန်းဆုရတီစိုးဟာ အသံချိုချိုအေးအေးလေးနဲ့လည်း ပရိသတ်တွေကိုဖမ်းစားနိုင်တဲ့သူလေးဖြစ်တာကြောင့် သူမရဲ့သီချင်းလေးတွေဟာဆိုရင်လည်း ပရိသတ်တွေကြားမှာရေပန်းစားနေတာပဲဖြစ်ပါတယ်။ ဒါ့ပြင်နန်းဆုဟာအပြုံးချိုချိုလေးတွေနဲ့ ပရိသတ်တွေအပေါ်မှာလည်း ဖော်ဖော်ရွေရွေဆက်ဆံတတ်တဲ့သူလေးဖြစ်တာကြောင့် ပရိတ်သတ်ချစ်ခင်အားပေးမှုအများအပြားရရှိထားတာလည်းဖြစ်ပါတယ်.....။

Photo credit-Han Myat Thaw
Photo credit-Han Myat Thaw

နန်းစုဟာ အခုလက်ရှိမှာဆိုရင်လည်း သူမမြတ်နိုးရတဲ့ဆံပင်ရှည်လေးကိုညှပ်ချလိုက်ပြီး ဆံပင်တိုတိုလေးနဲ့အရမ်းလန်းနေတာပါ။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာ‌မှာ"ရန်ကုန်ဆောင်းက သိပ်မအေးပေမယ့်မင်းရဲ့အနွေးဓာတ်တော့လိုတယ်...." ဆိုတဲ့ captionလေးနဲ့ ခပ်လန်းလန်းပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Han Myat Thaw
Photo credit-Han Myat Thaw

Source-Nansu Yati Soe's Facebook acc

Photo credit-Han Myat Thaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။