ဆက်ကျော်သက်နှုတ်ခမ်းနီမလေးတွေရဲ့ ရင်ကိုလှုပ်ခတ်နေသူကတော့ ချစ်စဖွယ်အပြုံးမျက်နှာလေးနဲ့အမြဲနေတတ်တဲ့ မော်လ်ဒယ်သရုပ်ဆောင် အောင်လေးပဲ ဖြစ်ပါတယ်။ သူရဲ့ ဖော်ရွေပွင့်လင်း စွာနေတတ်တဲ့ပုံစံလေးကြောင့် ပရိသတ်အချစ်တော်ကို ခံယူရရှိနေတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ မော်ဒယ်အဖြစ်သာ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေပေမယ့်လည်း သူရဲ့ Tik Tok ဗီဒီယိုအလန်းလေးတွေကြောင့် ပရိသတ်အခိုင်အမာရရှိထားသလို လူသိများနေတဲ့ Cele တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit : Aung Lay Facebook Account
Photo Credit : Aung Lay Facebook Account

မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အောင်လေးကို ပရိသတ်တွေက ချောမောပြီး သန့်ပြန့်တဲ့ ရုပ်ရည်လေးကြောင့် စတင်သတိထားမိခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ပရိသတ်တွေကြားမှာ နေရာတစ်ခုနဲ့ ရပ်တည်နေပြီး ရုပ်ရှင်ကားတွေလည်း ရိုက်ကူးနေရတာတွေ့ရပါတယ်။ လတ်တလောမှာတော့ မြင်နေကျပုံစံတွေနဲ့မတူဘဲအမှိုင်းလေး ကြေကွဲလွမ်းဆွတ်နေတဲ့ အသည်းကွဲပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Aung Lay Facebook Account
Photo Credit : Aung Lay Facebook Account

ပုံလေးတွေထဲမှာ အမြင်တစ်မျိုးဆန်းသစ်စွာ ညို့အားပြင်းပြင်းနဲ့ ဆွဲဆောင်မှုရှိလွန်းတာကြောင့် နူတ်ခမ်းနီမလေးတွေ ကြွေနေတာအမှန်ပဲဖြစ်ပါတယ်။အခုတလောမှာတော့ အောင်လေးက ကြော်ငြာနဲ့ သီချင်းဗီဒီယိုလေးတွေ ရိုက်ကူးနေရပြီး ပရိသတ်တွေကြားမှာ အရမ်းကို လူကြိုက်များအောင်မြင်နေတာလည်း ဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးအတွက် အောင်လေးရဲ့ ပုံလေးတွေကိုမျှဝေပေးလိုက်ပါတယ်။

Photo Credit : Aung Lay Facebook Account
Photo Credit : Aung Lay Facebook Account

Source & Photo Credit : Aung Lay Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။