အသံအားကောင်းကောင်းနဲ့ သီချင်းလေးတွေကို အမြဲသီဆိုလေ့ရှိသူကတော့ အဆိုတော် ရွှေထူးပဲ ဖြစ်ပါတယ်။ သူဟာ အဆိုဘက်တွင်သာမကဘဲ သရုပ်ဆောင်ဘက်သို့ ကူးပြောင်းခဲ့ရာမှာတွင်လည်း ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ချစ်ဇနီးလေး ရွှေမှုံနဲ့လည်း သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားသူပါ။

Photo Crd- Shwe Htoo’s Facebook Page
Photo Crd- Shwe Htoo’s Facebook Page
Photo Crd- Shwe Htoo’s Facebook Page

ရွှေထူးဟာ မကြာခင်မှာဘဲ ခယ်မဖြစ်သူ ငွေမှုံနဲ့အတူ သီဆိုထားတဲ့ Music Video လေးထွက်ရှိလာတော့မှာ ဖြစ်ကြောင်းကို ပရိသတ်တွေကို အသိပေးပြောကြားလာတာပဲ ဖြစ်ပါတယ်။ မကြာသေးခင်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် လွှင့်ထားတဲ့ Live မှာလည်း ပရိသတ်တွေအတွက် သီချင်းလေးတစ်ပုဒ်ကို ဂီတာလေးတီးကာ ဆိုပြခဲ့တာပဲ ဖြစ်ပါတယ်။

Photo Crd- Shwe Htoo’s Facebook Page
Photo Crd- Shwe Htoo’s Facebook Page
Photo Crd- Shwe Htoo’s Facebook Page

ဒါကတော့ အဆိုတော်ရသရဲ့ တစ်ခါတုန်းကသီချင်းလေးကိုဂီတာလေးတီးကာခံစားချက်အပြည့်နဲ့သီဆိုထားတဲ့ ရွှေထူးရဲ့Video လေးပဲ ဖြစ်ပါတယ်။ ဒီသီချင်းလေး သီဆိုရာမှာ အမှားပါသွားရင် ခွင့်လွှတ်ပေးရန်နဲ့ ကိုရသကိုလည်း လေးစားကြောင်းပါ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း နားဆင်ခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Shwe Htoo’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။