ပရိသတ်ကြီးရေ ဟာသလူရွှင်တော် ညီအစ်ကိုတွေနဲ့ဖွဲ့စည်းထားတဲ့ " ချွန်တွန်း " ပရဟိတအသင်းလေးကိုတော့ သိကြမယ်ထင်ပါတယ်။ ဒီအသင်းလေးကို ဦးဆောင်ပြီးတာဝန်ယူနေတာကတော့ ဒိန်းဒေါင် အပါအဝင် ကံပွင့် ၊ အုန်းသီး ၊ ကောင်းကျော် ၊ ငြိမ်းချမ်း တို့အပြင် အခြားနာမည်ကြီး ဟာသလူရွှင်တော်တွေလည်း များစွာပါဝင်တာတွေ့ရပါတယ်။ သူတို့အသင်းလေးကတော့ ကိုဗစ်ကာလလေးမှာ လှူဒါန်းချင်တဲ့ အလှူရှင်တွေကိုယ်စား ကာယဒါန နဲ့ တစ်ဆင့်လှူဒါန်းပေးတဲ့ အသင်းလေးပဲ ဖြစ်ပါတယ်။

Photo credit - Kan Pwint fb account
Photo credit - Kan Pwint fb account

ရပ်ဝေးရပ်နီး ဘယ်လိုနေရာဒေသတွေမဆို အသင်းသူ ၊ အသင်းသားတွေက အားတက်သရော အပင်အပန်းခံကာ ကိုယ်ကျိုးမငဲ့ကြပဲ စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ သူတွေအတွက် ငွေကြေးအပြင် စားသောက်စရာများကို ကိုယ်တိုင်သွားရောက် လှူဒါန်းပေးတာကို တွေ့ရပါတယ်။ သူတို့ " ချွန်တွန်း " အသင်းလေးရဲ့ လှူဒါန်းမှုတွေကိုလည်း ပရိသတ်တွေ ကြည်နူးပီတိအောင် အမြဲဖော်ပြပေးပါတယ်။

Photo credit - Kan Pwint fb account
Photo credit - Kan Pwint fb account

ယခုမှာတော့ အသင်းဝင်တစ်ဦးဖြစ်တဲ့ ဟာသသရုပ်ဆောင် ကံပွင့်က ပရိသတ်တွေ ကြည်နူးချစ်ခင်စေမယ့် ပုံလေးတွေကို တင်ပေးပါတယ်။ ဒီပုံလေးတွေထဲမှာတော့ ဒိန်းဒေါင် ၊ ကံပွင့် ၊ ငြိမ်းချမ်း နဲ့ အုန်းသီး တို့က သူတို့ရဲ့ အသင်းရဲ့ခြံကြီးထဲမှာ ဝိုင်းဖွဲ့ပြီးပျော်ပျော်ပါးပါး ပကာသနတွေမပါပဲ ထမင်းစားသောက်နေကြတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း "ချွန်တွန်း" ပရဟိတ အသင်းသားတွေ ဝိုင်းဖွဲ့ပြီး ပျော်ပျော်ပါးပါး စားသောက်နေကြတဲ့ ပုံလေးတွေကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။

Photo credit - Kan Pwint fb account
Photo credit - Kan Pwint fb account

Photo credit - Kan Pwint fb account

Source - Kan Pwint fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။