ပရိသတ်ကြီးရေ......အနုပညာလောကမှာ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အနေနဲ့ အချိန်အတော်ကြာအောင်မြင်လာခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင်နေလင်းကိုသိကြမယ်ထင်ပါတယ်။ သူဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးတွေအတော်များများမှာ ပါ၀င်သရုပ်ဆောင်နေတဲ့ ဝါရင့်ဇာတ်ပို့တစ်ယောက်လည်းဖြစ်ပါတယ်နော်....။

photo credit-Nay Lin's Facebook acc
photo credit-Nay Lin's Facebook acc

နေလင်းဟာ အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတဲ့သူတစ်ယောက်ဖြစ်ပြီး ပျော်ပျော်နေတတ်တာကြောင့် လူချစ်လူခင်များတဲ့သူလည်းဖြစ်ပါတယ်...။ မကြာသေးမီက နေလင်းဟာ ဧရာ၀တီစင်တာမှာ ဆေးစစ်ချက်သွားယူရင်း Covid-19 positiveအဖြေထွက်ခဲ့တာဖြစ်ပါတယ်။

photo credit-Nay Lin's Facebook acc
photo credit-Nay Lin's Facebook acc

ဒီအကြောင်းအရာလေးကို နေလင်းဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ "P သွားပါတယ် Fighting Me" ဆိုပြီးရေးသားထားပါတယ်။ အနုပညာရှင်အတော်များများလည်း ကိုနေလင်းကိုအားပေးစကားပြောကြရင်း စိတ်မကောင်းဖြစ်နေကြတာပါ။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

photo credit-Nay Lin's Facebook acc
photo credit-Nay Lin's Facebook acc

Source& photo credit-Nay Lin's Facebook acc 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။