မကြီးစိုးလို့အားလုံးက ချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ စိုးမြတ်သူဇာကတော့ အနုပညာလောကမှာရော ပရိသတ်တွေကြားမှာပါ လူချစ်လူခင်ပေါများတဲ့ မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ မကြီးစိုးဟာဆိုရင် ငယ်ရွယ်စဥ်ကတည်းက အနုပညာလောကကို ဝင်ရောက်ခဲ့ပြီး Model ၊ သရုပ်ဆောင်အဖြစ်လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ် ။ မကြီးစိုးက အခုချိန်အထိတိုင်အောင် အနုပညာလောကမှာ ဆက်လက်ရပ်တည်နေပြီး အောင်မြင်မှုတွေကို ရရှိနေဆဲဖြစ်ပါတယ်။

Photo Credit-Soe Myat Thuzar's FB Page & Amazing Grace
Photo Credit-Soe Myat Thuzar's FB Page
Photo Credit-Soe Myat Thuzar's FB Page

မကြီးစိုးက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအဖြစ် စိုးညီအစ်မတွေနဲ့အတူ "မင်းသမီးပိုးထည်တိုက်" လေးကို ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် မကြီးစိုးက လတ်တလောမှာဆိုရင် ရတနာပစ္စည်းတွေကို Live Sale ရောင်းချပေးနေရတာလည်း ဖြစ်ပါတယ် ။ အခုလည်း မကြီးစိုးက အရမ်းကိုချောမောလှပပြီး မြင်သူငေးရလောက်တဲ့ပုံစံလေးနဲ့ အမိုက်စား Photo Shooting တစ်ခုကိုရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Soe Myat Thuzar's FB Page
Photo Credit-Soe Myat Thuzar's FB Page
Photo Credit-Soe Myat Thuzar's FB Page

ညအိပ်ဝတ်စုံလေးနဲ့ တစ်မျိုးလေးလှနေတဲ့ မကြီးစိုးကတော့ ကြည်လင်ဝင်းပတဲ့အသားအရေလေးနဲ့အတူ မျက်နှာလေးကအစ နုဖတ်ချောမောနေတာ ဖြစ်ပါတယ် ။ မကြီးစိုးက အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့အလှတရားတွေ ပိုင်ဆိုင်ထားလို့ လူငယ်လေးတွေနဲ့အပြိုင် အရွယ်တင်နေတာလည်း ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော စိုးမြတ်သူဇာရဲ့အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Jessica Han-Makeup Artist's FB Page & Soe Myat Thuzar's FB Page

Photo Credit-Kan Su Ho Photography 

Photo Credit-Kan Su Ho Photography
Photo Credit-Kan Su Ho Photography
Photo Credit-Kan Su Ho Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။