ပရိသတ်ကြီးရေ အသက်ငယ်ငယ်လေးနဲ့ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ Gကတော့ The Voice Myanmar မှာလည်း အဆိုပြိုင်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။Gက ဖေဖေနဲ့မေမေရဲ့ဂရုစိုက်မှုတွေကြောင့် ပြီးပြည့်စုံစွာကြီးပြင်းလာပြီး နိုင်ငံခြားမှာလည်း ပညာတွေသင်ကြားလာခဲ့တာဖြစ်ပါတယ်။Gက ဖေဖေနဲ့မေမေတို့ရဲ့စီးပွားရေးကိုလည်း ကူညီလုပ်ကိုင်ပေးနေတဲ့ သမီးလိမ္မာလေးဖြစ်ပါတယ်နော်။

Photo Credit:Aung Kyaw Win's Facebook Account
Photo Credit:Aung Kyaw Win's Facebook Account

Gက ကိုဗစ်ကာလမှာလည်း လူနာတင်ယာဉ်တွေကို ကိုယ်တိုင်မောင်းပြီး စွမ်းစွမ်းတမံလုပ်ဆောင်နေတာဖြစ်ပါတယ်။Gက ချစ်စရာကောင်းတဲ့ရုပ်ရည်လေးကို ပိုင်ဆိုင်ထားပြီး စကားပြောတာကလည်း ရိုးသားပွင့်လင်းလို့ ပရိသတ်တွေက ချစ်ခင်နေရတာဖြစ်ပါတယ်။Gရဲ့မိဘနှစ်ပါးကတော့ ဘက်စုံထူးချွန်တဲ့သမီးလေးကြောင့် အမြဲဂုဏ်ယူနေရပြီး မျက်နှာပွင့်နေရတာပဲဖြစ်ပါတယ်နော်။

Photo Credit:Aung Kyaw Win's Facebook Account
Photo Credit:Aung Kyaw Win's Facebook Account

အခုဆိုရင်တော့ Gရဲ့ဖေဖေက "မနှစ်က ဇွန်လ (၂၉)ရက်နေ့မှာ ကျင်းပတဲ့ ကျွန်တော်နဲ့မသက်တို့ရဲ့ 25th Anniversary အတွက် အမှတ်တရရိုက်ကူးထားတဲ့ ချစ်သမီးလေး G ရဲ့ဘဝမှတ်တမ်းပုံရိပ် Video"ဆိုပြီး သမီးလေးရဲ့အကြောင်းကိုရိုက်ထားတဲ့ အမှတ်တရဗီဒီယိုလေးကို တင်ပေးလာတာဖြစ်ပါတယ်။Gက ငယ်ငယ်ကတည်းက အရမ်းချစ်စရာကောင်းပြီး အခုချိန်မှာဆိုရင်တော့ အသက်ငယ်ငယ်လေးနဲ့ ထူးချွန်နေလို့ အရမ်းအတုယူစရာကောင်းတဲ့ မိန်းမငယ်လေးဖြစ်ပါတယ်နော်။

Photo Credit:Aung Kyaw Win's Facebook Account
Photo Credit:Aung Kyaw Win's Facebook Account

Photo Credit:Aung Kyaw Win's Facebook Account

Source&Video Credit:Aung Kyaw Win's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။