ပရိသတ်ကြီးရေ.....အကယ်ဒမီဆုများစွာကို သိမ်းပိုက်ထားပြီး ယနေ့ထိတိုင်အရွယ်တင်နုပျိုနေ‌ဆဲဖြစ်တဲ့ မင်းသမီးခိုင်သင်းကြည်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ သာယာချမ်းမြေ့ဖွယ်မိသားစုဘ၀လေးကို တည်ထောင်ထားတာဖြစ်ပြီး ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့သမီးလေးစံထိပ်ထားဦးကိုလည်း ပိုင်ဆိုင်ထားတာပါ။ ထိပ်ထိပ်လေးဟာလည်း ပညာရေးဘက်မှာလည်းထူးချွန်တဲ့သူ‌လေးဖြစ်ပြီး ဖေဖေနဲ့မေမေအမြဲဂုဏ်ယူနေရတဲ့သူလေးပါ။

Source&photo credit-San Htate Htar Oo's Facebook acc
Source&photo credit-San Htate Htar Oo's Facebook acc

စံထိပ်ထားဦးဟာ အခုလက်ရှိမှာဆိုရင်လည်းမိခင်ဖြစ်သူနဲ့အတူ အနုပညာအလုပ်တွေစတင်လုပ်ကိုင်နေပြီဖြစ်ပါတယ်။ ဒါ့ပြင်ထိပ်ထိပ်လေးဟာ တူရိယာပစ္စည်းလေးတွေလည်း ကျွမ်းကျွမ်းကျင်ကျင်တီးတတ်သူလေးဖြစ်ပြီး သီချင်းလေးတွေလည်း ကာဗာအနေနဲ့ သီဆိုတတ်ပါသေးတယ်။ ထိပ်ထိပ်လေးဟာ အမြဲလိုလိုလူငယ်ဆန်ဆန် လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်ဒီဇိုင်းလေးတွေနဲ့ နေလေ့ရှိတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရရှိထားတာလည်းဖြစ်ပါတယ်။

Source&photo credit-San Htate Htar Oo's Facebook acc
Source&photo credit-San Htate Htar Oo's Facebook acc

အခုလာမဲ့ နို၀င်ဘာ ၂၆ရက်နေ့လေးမှာဆိုရင်လည်း ထိပ်ထိပ်လေးရဲ့ (၁၈)နှစ်ပြည့်မွေးနေ့လေးဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့အကြိုအလှူလေးအနေနဲ့ ထိပ်ထိပ်လေးဟာ ရရှိထားတဲ့အနုပညာကြေးလေးတွေနဲ့ မုန့်ဖိုးလေးတွေစုပြီး ဝေဘာဂီဆေးရုံကြီးမှာ ငွေကျပ် (၁၈)သိန်းသွားရောက်လှူဒါန်းခဲ့တာလည်းဖြစ်ပြီး ဒီအကြောင်းအရာလေးကို သူမရဲ့ Instagram storyမှာတင်ပေးလာပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြနလည်မျှဝေပေးလိုက်ပါတယ်နော်။

Source&photo credit-San Htate Htar Oo's Facebook acc
Source&photo credit-San Htate Htar Oo's Facebook acc

Source&photo credit-San Htate Htar Oo's Facebook acc/Instagram acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။