ပရိသတ်ကြီးရေ..... Mrtv-4ရဲ့ ဇာတ်လမ်းတွဲအတော်များများမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့သရုပ်ဆောင်ချင်တွေနဲ့ ပရိသတ်တွေရင်ထဲကိုနေရာတစ်နေရာရရှိထားတဲ့ မြနှင်းရည်လွင်ကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာ ဗီလိန်ဇာတ်ရုပ်တွေကိုပါ ကျွမ်းကျင်ပိုင်နိုင်စွာသရုပ်ဆောင်ထားနိုင်တာကြောင့် အနုပညာအရည်အသွေးပြည့်၀တဲ့ မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်နော်.....။

Photo credit-Mya Hnin Yee Lwin's Facebook acc
Photo credit-Mya Hnin Yee Lwin's Facebook acc

မြနှင်းရည်လွင်ဟာ ဇာတ်လမ်းတွဲတွေအပြင် ကြော်ငြာတွေအထိပါရိုက်ကူးထားနိုင်တဲ့သူဖြစ်ပြီး သူမရဲ့ကြော်ငြာလေးတွေဟာဆိုရင်လည်း ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြတာဖြစ်ပါတယ်။ ဒါ့ပြင် မကြာသေးမီကထုတ်လွှင့်ပြသခဲ့တဲ့ မာယာလှည့်ကွက်ဇာတ်လမ်းတွဲမှာဆိုရင်လည်း ဒေါ်ဟန်နီချိုအနေနဲ့ ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်ပြခဲ့တာကြောင့် ပရိသတ်တွေရင်ထဲနေရာတစ်နေရာ ရရှိခဲ့တာလည်းဖြစ်ပါတယ်နော်။

Photo credit-Mya Hnin Yee Lwin's Facebook acc
Photo credit-Mya Hnin Yee Lwin's Facebook acc

မြနှင်းရည်လွင်ဟာ အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်နေပြီး နေရာရလာတာနဲ့အမျှ ဝေဖန်တိုက်ခိုက်မှုတွေကိုလည်း ကြုံတွေ့ရတာဖြစ်ပါတယ်။ သူမဟာ အိမ်ထောင်ကွာရှင်းထားတာဖြစ်ပြီး ကွာရှင်းထားတဲ့အကြောင်းကိုလည်းပွင့်ပွင့်လင်းလင်းပြောထားပေမယ့် အခုချိန်ထိဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရတဲ့အကြောင်းလေးကို Liveလွှင့်ကာပြောပြလာခဲ့ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Mya Hnin Yee Lwin's Facebook acc
Photo credit-Mya Hnin Yee Lwin's Facebook acc

Source& video Credit-Mya Hnin Yee Lwin's Facebook acc

Photo credit-Mya Hnin Yee Lwin's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။